သွားရင်းလာရင်းပဲဖြစ်ဖြစ်၊ တစ်နေရာရာမှာထိုင်နေရင်းပဲဖြစ်ဖြစ် အမှိုက်တစ်စကို ကြုံသလိုပစ်ချလိုက်တာက ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ ထင်နေကြသူအများအပြား ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေကြပါတယ်။ တကယ်တမ်းတွေးကြည့်ရင် ဒါဟာ တာဝန်ယူတတ်စိတ်ကင်းမဲ့လွန်းတဲ့လုပ်ရပ်ဖြစ်ပြီး အင်မတန်ရှက်စရာကောင်းလှတဲ့ကိစ္စတစ်ခုပါ။ “ငါတစ်ယောက်တည်းပစ်လိုက်တာလောက်နဲ့ ဘာမှဖြစ်မသွားပါဘူး”လို့ တွေးတဲ့သူတွေ တဖြည်းဖြည်းများလာတဲ့အခါမှာတော့ အခုပုံတွေမှာမြင်ရတဲ့အတိုင်း ဖြစ်လာပါတော့တယ်။

“ငါတစ်ယောက်တည်းပစ်လိုက်တာလောက်နဲ့ ဘာမှဖြစ်မသွားပါဘူး”လို့ တွေးတဲ့သူတွေ တဖြည်းဖြည်းများလာတဲ့အခါမှာတော့ အခုပုံတွေမှာမြင်ရတဲ့အတိုင်း ဖြစ်လာပါတော့တယ်

အမှိုက်တစ်စကို ကြုံသလိုပစ်ချလိုက်တာက ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ ထင်နေကြသူအများအပြား ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေကြပါတယ်

သိမ်းတဲ့သူဘက်ကတာဝန်ကျေသလိုမျိုး အမှိုက်ပစ်သူတွေကလည်း စည်းကမ်းတကျရှိဖို့ သတိချပ်သင့်ပါတယ်

သန့်ရှင်းရေးဝန်ထမ်းအနေနဲ့ ဒီလောက်ညစ်ပတ်နံစော်နေတဲ့ရေမြောင်းထဲကို စိတ်ပါလက်ပါ အမှိုက်ဆင်းဆယ်ချင်မှာတော့ မဟုတ်ပါဘူး
အခုပုံထဲကသန့်ရှင်းရေးဝန်ထမ်းအနေနဲ့ ဒီလောက်ညစ်ပတ်နံစော်နေတဲ့ရေမြောင်းထဲကို စိတ်ပါလက်ပါ အမှိုက်ဆင်းဆယ်ချင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့တာဝန်ကို သူကျေပွန်အောင်လုပ်ပါတယ်။ သိမ်းတဲ့သူဘက်ကတာဝန်ကျေသလိုမျိုး အမှိုက်ပစ်သူတွေကလည်း စည်းကမ်းတကျရှိဖို့ သတိချပ်သင့်ပါတယ်။ ဒါကြောင့် လူလစ်သည်ဖြစ်စေ၊ လူမလစ်သည်ဖြစ်စေ အမှိုက်ကို လက်လွတ်စပယ်မပစ်တတ်တဲ့အကျင့် စွဲမြဲခိုင်မာနေအောင်မွေးမြူကြသင့်ပါကြောင်း တိုက်တွန်းလိုပါတယ်။
Ref: Clean Yangon, YCDC
Team (ရိုးရာလေး)