Myanmar’s Pride Awards 2019 ရဲ့ အနုပညာနှင့် ဓါတ်ပုံ ကဏ္ဍ အတွက် ဆန်ကာတင် စာရင်းဝင်များ အကြောင်း သိကောင်းစရာ

arts-photography.jpg

ပုံတစ်ပုံဟာ ထောင်ချီတဲ့စကားလုံးတွေထက်ပိုပြီး ထိရောက်တယ်ဆိုတဲ့အင်္ဂလိပ်ဆိုရိုးစကားတစ်ခုရှိပါတယ်။ ဒီဆိုရိုးဟာ မှားနေပါတယ်လို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ လေ့လာတွေ့ရှိချက်တွေအရ လူတွေရဲ့ ဦးနှောက်ထက်ဝက်ဟာ ပုံရိပ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရယူပေးပို့နေကြ တာဖြစ်ပြီး (၁၃) မီလီစက္ကန့်အတွင်းမှာ မြင်လိုက်ရတဲ့အရာကို ပုံဖော်နိုင်စွမ်းလည်း ရှိပါတယ်။ ဒီအတွက်ကြောင့် visual arts ဟာ လူတွေအတွက် အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်နေပြီး တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေး မှာလည်း အရေးကြီးတဲ့နေရာမှာရှိနေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် visual arts တွေဟာ ပညာရေးအတွက်အရေးကြီးတဲ့ သင်ထောက်ကူအနေနဲ့အသုံးချလို့ရသလို ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဆင်းရဲမွဲတေမှု လျော့ချရေး အစရှိတဲ့ လူတွေရဲ့ အာရုံစိုက်မှုကိုရဖို့၊ အရေးယူဆောင်ရွက်ဖို့ လိုအပ်တဲ့ ကိစ္စရပ်တွေကို ပြောဆို ဆက်သွယ် နိုင်တဲ့ platform တစ်ခုအနေနဲ့ လည်း အသုံးချလို့ရပါတယ်။ ဒါ့အပြင် visual arts တစ်ခုဖြစ်တဲ့ ဓါတ်ပုံဟာဆိုရင်လည်း သမိုင်းတစ်ခုကို မှတ်တမ်းတင်တဲ့နေရာမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။ ဓါတ်ပုံတစ်ပုံကနေမှ အရင်ခေတ်ကလူမှုပတ်ဝန်းကျင်၊ နေထိုင်မှုပုံစံတွေ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို လေ့လာ နိုင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း လူ့အသိုင်းအဝိုင်းအတွက် အရေးပါတဲ့ visual arts ကဏ္ဍမှာ ဦးဆောင်နေတဲ့သူ တွေကို ရှာဖွေဖော်ထုတ်ဂုဏ်ပြုဖို့ Myanmar’s Pride Awards 2019 က ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့ကနေမှ ဆန်ကာတင် အမည်စာရင်းကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အနုပညာနဲ့ ဓါတ်ပုံကဏ္ဍအတွက် အကဲဖြတ်ဒိုင်များကနေပြီး အများက သဘောကျလက်ခံနေတဲ့သူလေးဦးကို ရွေးပေးခဲ့ပါတယ်။ ဆန်ကာတင်စာရင်းမှာ ပါဝင်တဲ့သူတွေကတော့ အောင်ပြည့်စိုး၊ ကျော်ကျော်ဝင်း၊ ဉာဏ်ကျယ်စေ၊ ဝဏ္ဏခွာနီး တို့ပဲဖြစ်ပါတယ်။

အောင်ပြည့်စိုး (A01)

အောင်ပြည့်စိုးဟာ ကမ္ဘာ့အမြင့်ဆုံးဓါတ်ပုံဆုဖြစ်တဲ့ Hasselblad Masters ဆုအတွက် ၂၀၀၉ ခုနှစ်မတိုင်မီ (၂) နှစ်ဆက်တိုက်အရွေးခံရပြီး ၂၀၀၉ ခုနှစ်မှာ နောက်ဆုံးဆန်ကာတင်အဆင့်ထိရောက်ရှိကာ ၂၀၁၀ တွင်မူ အဲဒီဆုကိုရရှိခဲ့ပါတယ်။ National Geographic ရဲ့ဓါတ်ပုံ သမားတစ်ဦးလည်းဖြစ်ပြီး သူ့ရဲ့ Yangon Exhibition Sales က လတ်တလောအောင်မြင်မှုတွေမှာ စံချိန်တင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့လက်ရာမြောက်ဓါတ်ပုံတွေအတွက် နိုင်ငံတကာဆုပေါင်း (၂၅) ဆုတိတိ ရရှိထားသူလည်းဖြစ်ပြီး 2014 American Photographic Society’s Silver Award ကို ခရီးသွားဓာတ်ပုံအမျိုးအစားဖြင့်ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် Air Asia လေကြောင်းလိုင်းရဲ့ Photography brand ambassador အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ၂၀၁၅ ခုနှစ်ကလည်း ippawards ခေါ် iPhone Photography ဆုကိုရရှိခဲ့ပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေကို နိုင်ငံတကာမဂ္ဂဇင်းတွေဖြစ်တဲ့ Times နှင့် The New York Times တို့မှာ ရွေးချယ် အသုံးပြုခြင်း ခံခဲ့ရပါတယ်။

ဉာဏ်ကျယ်စေ (A19)

ဉာဏ်ကျယ်စေဟာ မြန်မာပြည်ဖွားအန်နီမေးရှင်းဖန်တီးသူနဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူရဲ့ ပထမဆုံး “ကျောင်းတက်ချင်တယ်” အန်နီမေးရှင်း ဇာတ်လမ်းတိုက လက်ရှိဖြစ်ပေါ်နေတဲ့ လူမှုရေး အခြေအနေအကြောင်း မီးမောင်းထိုးပြခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ Human Rights Film Festival မှာ အကောင်းဆုံးအန်နီမေးရှင်းဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။ ၂၀၁၆ခုနှစ် Human Rights Human Dignity International Film Festival မှာ “ကျွန်မမလိုချင်တဲ့ ကျွန်မဘဝ” အန်နီမေးရှင်းဇာတ်လမ်းတိုကလည်း The March 13 Award ဆုကိုရရှိခဲ့ကာကမ္ဘာတစ်ဝှမ်း ရုပ်ရှင်ပွဲတော်ပေါင်း ၁၄၀ ကျော်တွင် ပြသခဲ့ပြီး ဆုပေါင်း ၃၉ ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အန်နီမေးရှင်းစတူဒီယိုက မကြာသေးခင်ကမှ Asian Academy Creative Awards 2019 အတွက် Regional Award for Best Animated Programme or Series (2D or 3D) ဆုကိုလည်းရရှိခဲ့ပါတယ်။ အန်နီမေးရှင်းပညာရှင်ဖြစ်သူ ဉာဏ်ကျယ်စေဟာ ၂၀၁၇ ခုနှစ်မှာ ဈေးကွက်ဦးဆောင် စတူဒီယို တစ်ခုဖြစ်တဲ့ Pencell Animation Studio ကို တွဲဖက်တည်ထောင်ခဲ့ပြီး Production Director အဖြစ်လုပ်ကိုင်နေပါတယ်။ သူ့ရဲ့စတူဒီယိုက အရည်အသွေးမြင့် အန်နီမေးရှင်းစီးရီးစ်တွေကို ထုတ်လုပ်ပြီး ပြည်တွင်းသာမက နိုင်ငံတကာ မှာလည်း ဖြန့်ဝေလျက်ရှိပါတယ်။

ကျော်ကျော်ဝင်း (A10)

ဓါတ်ပုံဆရာ ကျော်ကျော်ဝင်းက လက်ရှိမှာ Fuji Filmရဲ့ Brand Ambassador/ X-Photographer အဖြစ်သာမက UNICEF Myanmarမှာ ဓာတ်ပုံ ဆရာအဖြစ်လည်း လုပ်ကိုင်နေပါတယ်။ သူဟာ ပြည်တွင်းသာမက အမေရိကန်၊ အင်္ဂလန်၊ နီပေါ၊ ဖိလစ်ပိုင်၊ ဂျပန်၊ ထိုင်း နှင့် အိန္ဒိယ စသည့် နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲပေါင်းများစွာမှာလည်း မြန်မာတို့အတွက် ဂုဏ်ယူစရာ ဆု ၆၀၀ ကျော်ရရှိထား သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Myanmar Photographic Society မှ ချီးမြှင့်တဲ့ ၂၀၀၇ ခုနှစ် Associate of the Myanmar Photographic Society ဆု၊ ၂၀၀၈ ခုနှစ် Fellowship of the Myanmar Photographic Society ဆု၊ ၂၀၀၉ ခုနှစ် Proficiency of the Myanmar Photographic Society ဆုတို့ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် Upper Myanmar Photographic Society မှချီးမြှင့်သည့် Hon;UMPS ကိုလည်းကောင်း အသီးသီးထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပြီး ပြည်တွင်းပြည်ပ ဓါတ်ပုံပြပွဲ များစွာမှာ ပါဝင်ပြသဆောင်ရွက်ခဲ့ပါတယ်။

ဝဏ္ဏခွာနီး (A28)

ဝဏ္ဏခွာနီးကလည်း မင်္ဂလာဓါတ်ပုံ၊ ကြော်ငြာဓါတ်ပုံနှင့် အလှဓါတ်ပုံ ရိုက်ကူးမှုတွေမှာ အထူးကျော်ကြားတဲ့ ပြည်တွင်း ဓါတ်ပုံဆရာ တစ်ဦးဖြစ်ပြီး ကြော်ငြာ၊ ဖက်ရှင်နှင့် ပွဲတက်ဓာတ်ပုံဆရာအဖြစ် စတင်ခဲ့သော်လည်း သူ့ရဲ့ လက်ရာနှင့် အရည်အသွေးတွေကို မင်္ဂလာဆောင်ဓာတ်ပုံတွေနဲ့ ပိုမိုလူသိများခဲ့ပါတယ်။ WPPI မှ 2nd Place Award 2018 နှင့် 7 Silver Awards တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ PWST မှ ၂၀၁၇ ခုနှစ်မှာ ရွှေတံဆိပ်ဆုကိုလည်းကောင်း ၂၀၁၈ ခုနှစ်မှာ ငွေတံဆိပ်ဆုကိုလည်းကောင်း ရရှိခဲ့တဲ့အပြင် AWPA မှ 1st Place Award 2018, 2nd Place Award 2017, 3rd Place Award 2018, 2 Place Award 2019 (First -Half), 2 Gold Annual Award, 2 Silver Annual Award, 6 Bronze Annual Award နှင့် 39 Excellence Award တို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ Asia WPA တွင် Grand Elite Member အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင်လည်း World Top 20 ၌ ပါဝင် ခဲ့ပါတယ်။

မြန်မာဟာ အရိုင်းဆန်နေသေးတဲ့ သဘာဝအလှတရားကြီးကနေစလို့ ကြွယ်ဝတဲ့ သယံဇာတတွေ၊ နှစ်လိုချစ်ခင်ဖွယ် တိုင်းရင်းသားတွေအထိ ဂုဏ်ယူ ဝင့်ကြွားလို့ရတဲ့အရာတွေ များစွာရှိပါတယ်။ ထူးချွန်ထင်ရှားတဲ့ မြန်မာကို ကမ္ဘာ့စင်မြင့်ထက်မှာ ကိုယ်စားပြုနိုင်တဲ့ မြန်မာပြည်ဖွားတွေကို မဲပေးပြီး ဒီလိုဂုဏ်ယူဖွယ်ရာစာရင်းထဲကို နောက်တစ်ခုထပ်ထည့်ဖို့တိုက်တွန်းချင်ပါတယ်။ ဆုရရှိတဲ့သူကို ရွေးချယ်တဲ့အခါမှာ အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးတွေရဲ့ ဆန္ဒမဲ ၂၀ ရာခိုင်နှုန်းနှင့် အများပြည်သူရဲ့ ဆန္ဒမဲ (SMS စာတိုကတဆင့်ပေးတဲ့ ဆန္ဒမဲ ၄၀ ရာခိုင်နှုန်း၊ Facebook Chatbot ကတဆင့်ပေးတဲ့ ဆန္ဒမဲ ၄၀ ရာခိုင်နှုန်း) တို့ကို ပေါင်းစပ်ပြီး အတည်ပြုဆုံးဖြတ် သွားမှာဖြစ်တဲ့အတွက် အများပြည်သူက ပေးအပ်တဲ့ မဲတစ်ခုစီတိုင်းက အလွန်အရေးပါပါတယ်။

ပြည်သူလူထုကို ဆန်ကာတင် စာရင်းဝင်တို့ရဲ့ကိုယ်ရေးအကျဉ်းလေးဖတ်ပြီး မဲပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ မဲပေးဖို့ဆိုရင် မိမိမဲပေးလိုသူ၏ နံပါတ်စဉ်ကို 09 969696 888 သို့ SMS စာတိုပေးပို့ပြီးဖြစ်စေ၊ www.facebook.com/myanmarsprideawards ကတဆင့် messenger chatbox ကို ဝင်ရောက် ပြီးဖြစ်စေ မဲပေးနိုင်ပါတယ်။

ဆန်ကာတင်စာရင်းဝင်တွေထဲကမှ မဲအများဆုံးနဲ့အနိုင်ရရှိသူကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်မဲ့ ဆုပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားမှာ ကြေညာ ပေးသွားမှာဖြစ်ပါတယ်။ ဒီဆုရွေးချယ်ပေးအပ်ရေး အစီအစဉ်ကို Mango Advertising Co., Ltd. က အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပြီး Grand Royal Special Reserve မှ title sponsor အဖြစ် အဓိက ကူညီပံ့ပိုးပေး ထားပါတယ်။ ဒီဆုပေးအပ်တဲ့ အစီအစဉ်ကို Grand Royal Special Reserve ရဲ့ tagline ဖြစ်တဲ့ “Born in Myanmar, Respected by the World” ကနေမှ စိတ်ကူးအကြံဉာဏ်ရလာတာဖြစ်ပါတယ်။

Myanmar’s Pride Awards အကြောင်းနဲ့ ဆန်ကာတင်စာရင်းဝင်များရဲ့အကြောင်းကို ပိုမိုပြည့်စုံစွာ သိရှိနိုင်စေဖို့ ဆုရွေးချယ်ပွဲရဲ့ တရားဝင်စာမျက်နှာ ဖြစ်တဲ့ https://myanmarsprideawards.com ကို ဝင်ရောက်ကြည့်ရှုနိုင်သလို အသေးစိတ်အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ဖို့ Myanmar’s Pride Awards ရဲ့ တရားဝင် Facebook စာမျက်နှာ www.facebook.com/myanmarsprideawards ကို like နှင့် follow လုပ်ထား ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top