ဂျွန်တယ်ရီနောက်ပိုင်း PFA တစ်နှစ်တာအကောင်းဆုံးဆုရခဲ့တဲ့ ပထမဆုံးခံစစ်မှူး ဗန်ဒစ်ခ်

van1.jpg

၂၀၁၉ ခုနှစ်အတွက် PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လီဗာပူးနောက်ခံလူ ဗန်ဒစ်ခ်က ဆွတ်ခူးသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ အကြိတ်အနယ်ဖြစ်နေတဲ့ လီဗာပူးအသင်းရဲ့ခံစစ်ကြောင်းမှာ ဗန်ဒစ်ခ်က အဓိကအရေးပါတဲ့ကစားသမားဖြစ်ပါတယ်။ ဗန်ဒစ်ခ်ဟာ မန်စီးတီးတောင်ပံကစားသမား စတာလင်ကို ကျော်ဖြတ်ပြီး တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရရှိခဲ့တာပါ။ စတာလင်ကတော့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု ဆွတ်ခူးသွားခဲ့ပါတယ်။

ဗန်ဒစ်ခ်ဟာ ၂၀၀၅ ခုနှစ်တုန်းက ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီနောက်ပိုင်း PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုဆွတ်ခူးနိုင်တဲ့ ပထမဆုံးခံစစ်မှူးဖြစ်လာခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) ပွဲကစားပြီးချိန်မှာ ပြိုင်ဘက်ကစားသမားတစ်ယောက်ကမျှ ဗန်ဒစ်ခ်ကို လိမ်ခေါက်ပြီးကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လီဗာပူးကစားသမားတွေကချည်း (၂) နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူးတိုက်စစ်မှူး ဆာလာက ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top