ပွဲဦးထွက်ရက်ပိုင်းမှာတင် ဝင်ငွေ ဒေါ်လာ (၁.၂) ဘီလျံနဲ့ အကြီးကျယ်ဆုံးစံချိန်တင်လိုက်နိုင်တဲ့ Avengers: EndGame

end.jpg

Avengers: Endgame ရုပ်ရှင်ကတော့ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုနဲ့အတူ ပွဲဦးထွက် လှပလွန်းနေပါပြီ။ စတင်ပြသတဲ့ငါးရက်အတွင်းမှာပဲ ဝင်ငွေ (၁.၂) ဘီလျံဒေါ်လာရရှိခဲ့ကာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဝင်ငွေစံချိန်တင်နိုင်တဲ့မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အဦးဆုံးပြသတဲ့နှစ်ရက်မှာရလိုက်တဲ့ဝင်ငွေပမာဏအရ အကြီးအကျယ်အောင်မြင်မှုနိုင်မယ်လို့ လူအများဟောကိန်းထုတ်ထားတာကိုကျော်လွန်သွားခဲ့တာက အံအားသင့်စရာအဖြစ်ပါ။ (၃) ရက်တာအတွင်း ပြည်တွင်းကဝင်ငွေ ဒေါ်လာ သန်း (၃၅၀) ရှိပြီး (၅) ရက်တာအတွင်း နိုင်ငံတကာကဝင်ငွေ ဒေါ်လာ (၁.၂) ဘီလျံအထိ မယုံနိုင်စရာကောင်းလောက်အောင် ထိုးတက်သွားခဲ့တဲ့ဝင်ငွေပမာဏကိုကြည့်ရင် စူပါဟီးရိုးရုပ်ရှင်ဝါသနာအိုးတွေရဲ့ တမ်းတမ်းစွဲအားပေးမှုတွေဟာ တကယ့်ကို အေရးပါအရာရောက်ကြောင်း ထင်ရှားနေပါတယ်။

ပြည်တွင်းမှာ ပွဲဦးထွက်ပြသပြီးရတဲ့ End Game ရဲ့ဝင်ငွေ ဒေါ်လာ သန်း (၃၅၀) ဟာ မနှစ်ကပြသခဲ့တဲ့ Avengers: Infinity War ရုပ်ရှင်ရဲ့ ပြည်တွင်းပွဲဦးထွက်ဝင်ငွေနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာ (၉၃) သန်းလောက် ပိုမိုကျော်လွန်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် MCU က ထုတ်လုပ်ခဲ့တဲ့ရုပ်ရှင်တွေထဲမှာ The Avengers နဲ့ Black Panther တို့နောက်ပိုင်း ပရိသတ်တွေက အကြိုက်အတွေ့ဆုံးအဖြစ်သတ်မှတ်ပေးတဲ့ “A+” အဆင့်ရ တတိယမြောက်ရုပ်ရှင်ကားလည်းဖြစ်လာခဲ့ပါတယ်။

ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ ပရိသတ်တွေအကြား အလှုပ်ခတ်ဆုံးရုပ်ရှင်ကားတစ်ကားလည်းဖြစ်လာတဲ့ End Game ရဲ့ ဝင်ငွေနဲ့ ကြည့်ရှုအားပေးမှုအလားအလာတွေက ကြိုခန့်မှန်းကြည့်လို့မရနိုင်တော့တဲ့ ထိပ်ဆုံးအခြေအနေမှာရောက်နေပြီး လာမယ့်ရက်သတ္တပတ်တွေအတွင်းပြသမှုတွေမှာ ဘယ်လို ဝင်ငွေစံချိန်တွေ ထပ်တင်သွားမလဲဆုတာကို စောင့်ကြည့်ရမှာက စိတ်လှုပ်ရှားစရာခံစားချက်အသစ်တစ်ခုဖြစ်နေပါပြီ။

Ref: Boxofficemojo.com ” Avengers: Endgame’ Decimates Record Books with $1.2 Billion Global Debut ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top