အမေရိကန်ရဲ့အသက်ကြီးဆုံးအမျိုးသားဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်း အသက် ၁၀၄ နှစ်မှာ ကွယ်လွန်

garden.jpg

အမေရိကန်နိုင်ငံရဲ့ အမျိုးသားဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းဖြစ်ခဲ့တဲ့ ဘက်တီ ရိဒ် ဆော့စ်ကင်ဟာ အသက် ၁၀၄ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူဟာ အသက် ၁၀၀မှာ ဝန်ထမ်းအဖြစ်ကနေ အငြိမ်းစားယူခဲ့တာပါ။ သူ သေဆုံးသွားတယ်ဆိုတာကို သူ့ရဲ့မိသားစုဝင်တွေက ဒီဇင်ဘာ ၂၁ ရက်နေ့က အသိပေးခဲ့ပါတယ်။

ဘက်တီဟာ ၂၀၀၇ ခုနှစ်မှာ အမျိုးသားဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းမဖြစ်ခင် အမျိုးသားဥယျာဉ်ရဲ့အတိုင်ပင်ခံဖြစ်ခဲ့တာပါ။ သူ့ရဲ့အဓိကတာဝန်က လာရောက်လည်ပတ်ကြသူတွေကို ဥယျာဉ်အနှံ့ လိုက်လံပြသတာ၊ ဘာသာပြန်အဖြစ်ဆောင်ရွက်ရတာ၊ ဥယျာဉ်ရဲ့ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ပြတိုက်အကြောင်းရှင်းပြရတာတွေပါဝင်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ ကြီးပြင်းခဲ့တဲ့ ဘက်တီက ဒီအလုပ်ကို မလုပ်ခင် စာရေးမအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ ၁၉၄၅ ခုနှစ်က သူ့ခင်ပွန်းနဲ့အတူ တေးဂီတဆိုင်တစ်ခုကို တည်ထောင်ခဲ့ပါသေးတယ်။ အဲ့ဒီဆိုင်ကို ၂၀၁၉ ခုနှစ်မှာ ပိတ်သိမ်းခဲ့တာပါ။

ဘက်တီဟာ ၂၀၁၈ ခုနှစ်က Sign My Name to Freedom: A Memoir of a Pioneering Life” စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ သူ့ဘဝအကြောင်း မှတ်တမ်းရုပ်ရှင်ကတော့ သူ ကွယ်လွန်တဲ့အချိန်မှာ ရိုက်ကူးနေဆဲဖြစ်ပါတယ်။

Ref: America’s oldest National Park Service ranger ever, who shared her own stories of life during WWII, dies

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top