ပေါက်ဖတ် (ဘောက်ဖတ်) အားနဲ့ ပျောက်ပျက်သွားစေမယ့် ပလတ်စတစ်အမှိုက်တွေ

plastic-worm-1024x614.jpg

သဘာဝဘေးပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ အရာတွေထဲမှာ ပလတ်စတစ်လည်းပါတယ်ဆိုတာ အားလုံးအသိပါ။

ပစ္စည်းတွေ၊အရည်တွေ ထုပ်ပိုးသယ်ဆောင်ရာမှာ ပလတ်စတစ်အိတ်တွေ၊ ပလတ်စတစ်ဘူးခွံတွေကို လွယ်လွယ်သုံးနေကြပေမယ့် အဲဒီ ပလတ်စတစ်အမှိုက်တွေ မြေဆွေးအဖြစ်လုံးဝ ဓာတ်ပြိုကွဲသွားဖို့ဆိုတာ နှစ်ပေါင်းရာနဲ့ ချီပြီး ကြာတတ်ပါတယ်။

ဒါပေမယ့် “ဂယ်လာရီယာ မယ်လွန်နယ်လာ “ ဆိုတဲ့ မျိုးနွယ်ဝင် ပေါက်ဖတ်တွေကတော့ ပလတ်စတစ်အိတ်တွေကို တစ်နာရီအတွင်းမှာ အပေါက်တွေ ဖြစ်သွားအောင် ကိုက်ဖေါက် ဝါးစားပစ်နိုင်ပါသတဲ့။ ဒီ တွေ့ရှိချက်ကို ကိန်းဘရစ်ခ်ျတက္ကသိုလ်က သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ ပေါက်ဖတ်ကောင်တွေဟာ  ပျားအုံက ပျားဖယောင်းတွေကို စားသောက်လေ့ ရှိကြပါတယ်။ ပျားဖယောင်းမှာ ပလတ်စတစ်နဲ့ ဆင်တဲ့ မော်လီကျူး ဖွဲ့စည်းပုံ ရှိတာကြောင့် ပလတ်စတစ်ကို ပြောင်းလဲစားစေတဲ့ အခါမှာ အလားအလာကောင်းမွန်ခဲ့တာကို တွေ့ရပါတယ်။ ဒီအတိုင်းဆို အနာဂတ်မှာ ပလတ်စတစ် အမှိုက်ပြဿနာတွေကို ဖြေရှင်းရာမှာ ဒီပေါက်ဖတ်တွေကို အသုံးချနိုင်မယ်လို့တောင် သိပ္ပံပညာရှင်တွေက ယူ ဆထားကြပါသတဲ့။

ငှက်အသေကောင်ကိုယ်တွင်းမှ ယင်း စားသောက်ထားခဲ့သည့် ပလတ်စတစ် အမှိုက်များကို တွေ့ရပုံ

တကယ်တော့ ပလတ်စတစ် ပြဿနာဟာ ပေါ့သေးသေး ပြဿနာမဟုတ်ပါဘူး။ မြေသား မြေဆီလွှာတွေကို ထိခိုက်စေနိုင်ပြီး စိုက်ပျိုးမြေကို ပြုန်းတီးစေနိုင်တာ၊ ကျေးငှက်နဲ့ သားရဲတိရိစ္ဆာန်တွေ၊ ဂေဟစနစ်တွေကို ထိခိုက်စေနိုင်တာ၊ လူသားတွေအတွက်လည်း ပလတ်စတစ် ထုတ်လုပ်ရေးနဲ့ ပလတ်စတစ်က တဆင့် ဓာတ်ပြောင်းလဲသွားတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ရာမှာ အရေပြားရောဂါ၊ ဟိုမုန်းနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်စေတတ်ပါတယ်။ ပလတ်စတစ် ထုတ်လုပ်သုံးစွဲနေမှုနဲ့ ပလတ်စတစ် အညစ်အကြေးတွေကို လျှော့ချနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းအသစ်တွေ ပိုမိုပေါ်ပေါက်လာပါစေ၊ ပို စိမ်းလန်းတဲ့ ကမ္ဘာကြီး ဖြစ်လာပါစေလို့ မျှော်လင့်ပါတယ်။

Ref: BBC News:” Plastic-eating caterpillar could munch waste, scientists say”
Wikipedia; Plastic Pollution

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top