ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ မွန်ရိုးအတ္တုပ္ပတ္တိဇာတ်ကား ၁၄ မိနစ်ကြာ လက်ခုပ်တီးဂုဏ်ပြုခံရ

9-11-2022-yyl-29.jpg

မာရီလင်မွန်ရိုး အတ္တုပ္ပတ္တိဇာတ်ကားဖြစ်တဲ့ Blonde ကို ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ အထူးပွဲပြသချိန်မှာ ပရိသတ်တွေက ၁၄ မိနစ်ကြာ မတ်တတ်ရပ် လက်ခုပ်တီးဂုဏ်ပြုခဲ့ပြီးနောက် ဇာတ်ဆောင်မင်းသမီး အန်နာဒီအာမတ်စ်က ဝမ်းသာမျက်ရည်ကျခဲ့ပြီး တွဲဖက်သရုပ်ဆောင် အက်ဒရီယန်ဘရိုဒီကို ပွေ့ဖက်ခဲ့ပါတယ်။

ဂျွိုက်စ်ကာရိုးအော်တက်စ်ရဲ့ Blonde ဝတ္တုကို ပုံဖော်ရိုက်ကူးထားတဲ့ အဲဒီဇာတ်ကားမှာ အာမက်စ်က မွန်ရိုးအဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အက်ဒရီယန်ဘရိုဒီကတော့ သူ့ရဲ့ တတိယမြောက်ခင်ပွန်း အာသာမီလာအဖြစ် သရုပ်ဆောင်ခဲ့တာပါ။

အာမက်စ်ဟာ မွန်ရိုးနေရာမှာ သရုပ်ဆောင်နိုင်ဖို့၊ မွန်ရိုးရဲ့ လေယူလေသိမ်းအတိုင်း ပြောနိုင်ဖို့ ၉ လကြာ လေ့ကျင့်ခဲ့ရပြီး တကယ့်ကို ပင်ပန်းဆင်းရဲကြီးခဲ့တယ်လို့ ဆိုပါတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ အထူးပွဲပြသမှုကို ဒီဇာတ်ကားရဲ့ ရုပ်ရှင်ထုတ်လုပ်သူ ဘရက်ပစ်လည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

Blonde ဇာတ်ကားကို အမေရိကန်နိုင်ငံမှာ စက်တင်ဘာလ ၁၆ ရက်ကနေ စတင်ရုံတင်ပြသမှာဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်ကျရင် Netflix ကနေ ထုတ်လွှင့်ပြသသွားမှာပါ။

Ref:Ana de Armas cries as ‘Blonde’ receives 14-minute standing ovation in Venice

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top