မမျှော်လင့်ဘဲနဲ့ VIP ဖြစ်သွားခဲ့တဲ့ လေယာဉ်စီးခရီးသည်

ce980e0f-bf2d-4e88-a5fa-ea8858ccdd2a-large16x9_aloneonflighttoitalyapbluebackground.png

အီတလီနိုင်ငံမြောက်ပိုင်းကိုသွားမယ့်ခရီးစဉ်အတွက် လေယာဉ်တစ်စင်းလုံးမှာ တစ်ဦးတည်းစီးနင်းခွင့်ရသွားသူကတော့ စခရီမန်တက်စ် စထရီမိုင်တစ် (Skirmantas Strimaitis) ဖြစ်ပါတယ်။ လစ်သူရေးနီးယား (Lithuania) နိုင်ငံသား စခရီမန်တက်စ် က အီတလီနိုင်ငံ၊ ဘာဂါမို (Bergamo) မြို့ဆီ နှင်းလျှောစီးဖို့လာခဲ့တာဖြစ်ပြီး ဘိုးအင်း ၇၃၇ (Boeing 737) လေယာဉ်ပေါ်မှာ ခရီးသည်ဆိုလို့ သူတစ်ဦးတည်းလို့သိလိုက်ချိန်မှာ အံ့အားသင့်သွားခဲ့ရပါတယ်။ ခရီးသည် (၁၈၉ ) ယောက်တင်ဆောင်နိုင်တဲ့ လေယာဉ်ပေါ်မှာ သူနဲ့ အတူတူပါလာတဲ့ အဖော်ဆိုလို့ လေယာဉ်မောင် (၂ ) ယောက်နဲ့ လေယာဉ်မယ် (၅) ယောက်ပဲ ရှိနေတာပါ။

လေယာဉ်ပေါ်မှာ သူနဲ့ အတူတူပါလာတဲ့ အဖော်ဆိုလို့ လေယာဉ်မောင် (၂ ) ယောက်နဲ့ လေယာဉ်မယ် (၅) ယောက်ပဲ ရှိနေတာပါ

ဗယ်လ်နီးယပ်စ် နိုင်ငံတကာလေဆိပ်မှာ check in ဝင်ကတည်းက လေယာဉ်ပေါ်ကလူတွေ သူ့ကို စောင့်နေကြတယ်လို့ ပြောလာချိန်မှာ တစ်ခုခုလွဲနေပြီဆိုတာ စခရီမန်တက်စ် တစ်ယောက် ရိပ်မိလိုက်ပါတယ်။ ဒါပေမဲ့ နောက်မကျဘဲနဲ့ စောင့်နေရတဲ့အကြောင်းရင်းကို မေးလိုက်ချိန်မှာတော့ သူကသာ တစ်ဦးတည်းသောခရီးသည်ဖြစ်ကြောင်း သိလိုက်ရပါတယ်။

လက်မှတ်ဝယ်တဲ့သူက စခရီမန်တက်စ်တစ်ဦးတည်းပဲရှိပြီး သူ့အတွက် မယုံနိုင်လောက်အောင် ထူးခြားဆန်းကြယ်တဲ့အတွေ့အကြုံကို ရရှိလိုက်တာလို့ ဆိုပါတယ်

တကယ်တော့ အီတလီကနေအပြန်ခရီးစဉ်ကို လေယာဉ်စင်းလုံးငှားတဲ့ခရီးသည်တွေ ရှိနေတာကြောင့် အသွားတစ်ကြောင်းတည်းအတွက် လက်မှတ်တွေကို လျှော့ဈေးနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ လက်မှတ်ဝယ်တဲ့သူက စခရီမန်တက်စ် တစ်ဦးတည်းပဲရှိပြီး သူ့အတွက် မယုံနိုင်လောက်အောင် ထူးခြားဆန်းကြယ်တဲ့အတွေ့အကြုံကို ရရှိလိုက်တာလို့ ဆိုပါတယ်။

ခရီးသည်တစ်ဦးတည်းပါလာတဲ့လေယာဉ်ကိုမောင်းရတာက လေယာဉ်မောင်နဲ့ လေယာဉ်မယ်တွေ အတွက်လည်း အသစ်အဆန်းဖြစ်လို့နေသလို အလုပ်မရှုပ်တဲ့အတွက် အသက်သာဆုံးဖြစ်လို့ နေပါတယ်။ စခရီမန်တက်စ် အတွက်လည်း ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးသွားရသလို ခံစားချက်ဖြစ်စေတာကြောင့် VIP ခရီးသည်လိုမျိုး ဖြစ်သွားခဲ့ရပါတယ်။

Ref: CNN “This man was the only passenger on a Boeing 737 to Italy”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top