ဘဏ် ၃၀ နီးပါးကို ဓားပြတိုက်ခဲ့တဲ့ တောင်အာဖရိက ရဲအရာရှိ

7.6.2023-yyl-13.jpg

တောင်အာဖရိကနိုင်ငံသမိုင်းမှာ အကျော်ကြားဆုံး ဘဏ်ဓားပြတစ်ဦးကတော့ အန်ဒရီစတန်ဒါပါပဲ။ ရဲအရာရှိတစ်ဦးဖြစ်တဲ့ စတန်ဒါဟာ ဘဏ် ၃၀ လောက် ဓားပြတိုက်ခဲ့ပြီး သူ ဓားပြတိုက်ခဲ့တဲ့ ဘဏ်တချို့ကို စုံစမ်းစစ်ဆေးရေး ရဲအရာရှိအဖြစ် လာကြည့်ခဲ့ပါသေးတယ်။

တောင်အာဖရိက အကျဉ်းထောင်အရာရှိကြီးတစ်ဦးရဲ့ သားဖြစ်သူ စတန်ဒါဟာ ငယ်စဉ်ကတည်းက ရဲအရာရှိလုပ်ဖို့ ဖိအားပေးခံခဲ့ရသူပါ။ တောင်အာဖရိက ရဲသင်တန်းကျောင်းမှာ တက်ရောက်ခဲ့ပြီး အတန်းထဲမှာ အဆင့် ၁ အဖြစ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၇၆ ခုနှစ် ဆိုဝီတိုဆန္ဒပြပွဲမှာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် လက်နက်မဲ့ ကျောင်းသား/သူ ၁၇၆ ဦး သေဆုံးခဲ့ပြီးနောက် ရဲအလုပ်ကို စိတ်ကုန်သွားခဲ့ပြီး ဒုစရိုက်လောကကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

၁၉၈၀ ပြည့်နှစ်မှာတော့ စတန်ဒါ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၇၅ နှစ် ချမှတ်ခံခဲ့ရပေမဲ့ ပြစ်ဒဏ်အများစုကို တပြိုင်တည်းကျခံရတာဖြစ်လို့ သူ့ရဲ့ထောင်ဒဏ်က ၁၇ နှစ်ပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၃ နှစ်အကြာမှာပဲ ထောင်ဖောက် ထွက်ပြေးခဲ့ပြီး စတန်ဒါဂိုဏ်းအမည်နဲ့ ဘဏ်ဖောက်ထွင်းမှုတွေ ဆက်လုပ်ခဲ့ပါတယ်။ စတန်ဒါဟာ အမေရိကန်မှာ ထွက်ပြေးခိုလှုံနေတုန်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာ သူ့အကြောင်း ရိုက်ကူးထားတဲ့ Stander ရုပ်ရှင်ဇာတ်ကား ထွက်ခဲ့ပြီး အမေရိကန်မင်းသား သောမတ်စ်ဂျိန်းက စတန်ဒါအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Ref: André Stander

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top