ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်နဲ့ ရုပ်တူတဲ့သူ

7.6.2023-yyl-8.jpg

ဗြိတိန်က အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်နဲ့ အတော်လေးရုပ်ချင်းဆင်တဲ့သူတစ်ယောက်ပါ။ အဲဒီအမျိုးသားက ဖာဘိုင်အို ဂျက်ဆင်အမည်ရတဲ့ Professional Influencer ပါ။ လူတွေက သူ့ကို တွေ့ရင် Snap ပုံတွေရိုက်ကြပြီး မိုက်ကယ်ဂျက်ဆင်ကို အပြင်မှာ အရှင်လတ်လတ်တွေ့လိုက်ရသလိုပါပဲတဲ့။ ဖာဘိုင်အိုရဲ့မျက်နှာအသွင်အပြင်နဲ့ဆံပင်စတိုင်တွေက မိုက်ကယ်ဂျက်ဆင်လိုပါပဲ။ သူက မိုက်ကယ်ဂျက်ဆင်လို အရည်အချင်းရှိတဲ့အကသမားလည်းဖြစ်ပါတယ်။

သူ့ကို မိုက်ကယ်ဂျက်ဆင်နဲ့ရုပ်တူတာက မျက်နှာခွဲစိတ်ပြုပြင်မှုတွေလုပ်ထားတာကြောင့်ဖြစ်တယ်လို့ လူမှုကွန်ယက်အသုံးပြုသူတွေက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ အဲဒီလိုပြောဆိုမှုတွေနဲ့ ဖာဘိုင်အိုက လူသိများလာခဲ့ပါတယ်။ ဖာဘိုင်အိုက မိုက်ကယ်ဂျက်ဆင်နဲ့တူအောင် ခွဲစိတ်ပြုပြင်တာမျိုးတွေမရှိခဲ့ပါဘူး။ သူ ငယ်ငယ်ကတည်းက အဲဒီလိုပုံစံပါပဲ။ အရွယ်ရောက်လာတော့ သူ့ရဲ့မေးရိုးတွေကာသွားတယ်။ သူ့ရဲ့မျက်နှာက လုံးဝသဘာဝဖြစ်တယ်လို့ အခိုင်အမာဆိုထားပါတယ်။

မကြာသေးခင်က ဖာဘိုင်အိုဟာ သူ့ရဲ့ငယ်ဘဝဓာတ်ပုံတွေပါဝင်တဲ့ ဗီဒီယိုနဲ့ မိုက်ကယ်ဂျက်ဆင်နဲ့တူဖို့အတွက် မျက်နှာခွဲစိတ်ပြုပြင်ထားတယ်ဆိုတဲ့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ဝေဖန်ပြောဆိုမှုတွေကို ရပ်တန့်သွားစေခဲ့ပါတယ်။ ဖာဘိုင်အိုက မိုက်ကယ်ဂျက်ဆင်ရဲ့အမာခံပရိသတ်မဟုတ်ပေမဲ့ ပေါ့ပ်ဘုရင်ရဲ့ပရဟိတစိတ်ကြောင့် လေးစားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့အတွက် မိုက်ကယ်ဂျက်ဆင်က အကနဲ့ပတ်သက်ပြီး လှုံ့ဆော်မှုဖြစ်ခဲ့တာပါ။ သူက ရှက်ရွံ့တတ်တဲ့သူဖြစ်ပေမဲ့ မိုက်ကယ်ဂျက်ဆင်လို ကပြဖျော်ဖြေရတာကို နှစ်သက်ပါတယ်။

လူသိများလာတာနဲ့အမျှ ဖာဘိုင်အိုက ပရိသတ်တွေအများကြီးရလာသလို ဆိုးရွားတဲ့ကွန်မန့်တွေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကိုလည်း သင်ယူခဲ့ရပါတယ်။ သူ့ကို မိုက်ကယ်ဂျက်ဆင်လို ဖြစ်စေချင်တဲ့သူတွေရှိသလို နည်းနည်းပဲတူတယ်လို့ ပြောတဲ့သူတွေလည်းရှိပါတယ်။ လူမှုကွန်ယက်ပေါ်မှာ သူ့ကို ဆိုးရွားစွာပြောဆိုတဲ့အခါ သူ ဘာမှတုံ့ပြန်ပြောဆိုတာမျိုးတွေမရှိပါဘူး။ သူ့ရဲ့ရည်ရွယ်ချက်က ကောင်းတဲ့လွှမ်းမိုးမှုတွေဖြန့်ကျက်ဖို့ပါပဲ။

Ref: Michael Jackson Lookalike Responds to Trolls Claiming the Resemblance Is Natural

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top