တိရစ္ဆာန်ကူး ခုံးကျော်တံတား

27-11-2020-yyl-018.jpg

ပုံမှာ မြင်ရတာကတော့ ယူတားပြည်နယ်မှာ တိရစ္ဆာန်တွေအတွက် တည်ဆောက်ပေးထားတဲ့ ခုံးကျော်တံတားပါ။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ပြည်နယ်ချင်းဆက် လမ်းမကြီးအမှတ် (၈၀)ကို ဖြတ်ကူးရင်း သမင်ငယ် ၄၆ ကောင်၊ ဦးချိုပြား သမင်ကြီး ၁၄ ကောင်၊ အဲလ်သမင် ၄ ကောင် သေဆုံးခဲ့ပြီးနောက်မှာ တိရစ္ဆာန်တွေအတွက် ခုံးကျော်တံတား တည်ဆောက်ခဲ့တာပါ။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ဖွင့်လှစ်ခဲ့တဲ့ တိရစ္ဆာန်ကူး ခုံးကျော်တံတားဟာ ပေ ၃၃၀ ရှည်လျားပြီး ၄၈ ပေ ကျယ်ပါတယ်။ တိရစ္ဆာန်တွေကလည်း ခုံးကျော်တံတားပေါ်ကနေ လမ်းဖြတ်ကူးကြလို့ ဒီအကြံက အလုပ်ဖြစ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top