သီလဝါအထူးစီးပွားရေးဇုန်မှာ Suzukiကားစက်ရုံအသစ် တည်ဆောက်မယ်

Suzuki-Automobile-Factory-in-Thilawa-SEZ.png

Suzuki Motor Corporationက သီလဝါအထူးစီးပွားရေး ဇုန်မှာ Suzuki Thilawa Motor Co., Ltdအဖြစ် ရင်းနှီးမြှုပ်နှံပြီး SKD စနစ်ဖြင့် မော်တော်ယာဉ်တွေကို ထုတ်လုပ်တပ်ဆင်ကာ ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချလျက်ရှိရာမှ CKD စနစ်ဖြင့် ထုတ်လုပ် တပ်ဆင်ရန်Welding Process, Painting Process နှင့် Assembly Process တို့ပါဝင်မယ့် စက်ရုံအသစ်ကိုတည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Suzuki အနေနဲ့ မြန်မာနိုင်ငံမှာ ဈေးကွက်ကျယ်ပြန့်လာခြင်းနဲ့အညီ စက်ရုံသစ်ကို တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ စတင်လည်ပတ်ရန် ရည်မှန်းထား ပြီး နှစ်စဉ် ကားအစီးရေ ၄၀,၀၀၀ ခန့်ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။

Suzuki က ၁၉၉၈ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံမှာ ကာလရှည်ကြာစွာ ရင်းနှီးမြုပ်နှံ့ခဲ့တာပါ။ ၁၉၉၉ တွင် မော်တော်ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တွေကို အစိုးရနှင့် ဖက်စပ်အဖြစ် ထုတ်လုပ်တပ်ဆင်ရောင်းချခြင်းဖြင့် လုပ်ငန်းများစတင်ခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီနောက်မှာ Suzuki (Myanmar) Motor Co.,Ltd နှင့် Suzuki Thilawa Motor Co.,Ltd တို့အဖြစ် ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံကာ လက်ရှိမှာ တောင်ဒဂုံစက်ရုံနှင့် သီလဝါစက်ရုံတိုမှာ Carry, Ciaz, Ertigaနှင့်Swift ကားအမျိုးအစားတွေကိုထုတ်လုပ်နေပါတယ်။

၂၀၁၉ခုနှစ် တစ်နှစ်လုံးမှာ မြန်မာနိုင်ငံ၌ကားအစီးရေ ၁၃,၃၀၀ စီးကို ထုတ်လုပ်ခဲ့ရာ အရင်နှစ်ထက် ၁၂၅%တိုးတက်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကားသစ်ရောင်းချမှုမှာ ဈေးကွက်ရှယ်ယာ ၆၀.၃%ရရှိခဲ့ပြီးအစီးရေ ၁၃,၂၀၆ စီးကို ရောင်းချနိုင်ခဲ့ရာ အရင်နှစ်ထက်၁၂၈%တိုးတက်ရောင်းချနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

Suzuki က အခုစက်ရုံသစ်ကို တည်ဆောက်ခြင်းဖြင့် ဆက်လက်ကြီးထွားလာရန် မျှော်မှန်းထားတဲ့ မြန်မာနိုင်ငံရဲ့ မော်တော်ကားဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရန် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top