တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ချင်းမှာ အိုးအိမ်စွန့်ခွာသွားရသူ လူဦးရေ (၉၀,၀၀၀) ကျော်ရှိ

9-6-2-21-yl-31.jpg

ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာသွားရသူ လူဦးရေ (၉၀,၀၀၀) ကျော်ရှိနေတယ်လို့ United Nations OCHA Myanmar က ဒီနေ့မှာထုတ်ပြန်လိုက်ပါတယ်။

ပြည်နယ် (၂) ခုအတွင်း တိုက်ပွားတွေဖြစ်ပွားမှုလျော့နည်းလာပေမယ့်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၀ နိုဝင်ဘာလအထိ အိုးအိမ်စွန့်ခွာသွားရသူ စုစုပေါင်း (၉၁,၅၇၁) ဦး ရှိနေပါတယ်။

ရခိုင်ပြည်နယ်က အိုးအိမ်စွန်ံခွာသွားရသူ အများဆုံးမြို့များမှာ မြောက်ဦးမှာ (၂၂,၇၄၉) ဦး၊ ရသေ့တောင်မှာ (၁၉,၅၅၃) ဦးနဲ့ ကျောက်တော်မြို့မှာ (၁၅၃၂၄) ဦးတို့ဖြစ်ပြီး ဘူးသီးတောင်၊ အမ်း၊ စစ်တွေ၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားနဲ့ ပေါက်တောမြို့တွေမှာလည်း နေရပ်စွန့်ခွာသူတွေရှိနေတယ်လို့ United Nations OCHA Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒ့ါပြင်ချင်းပြည်နယ် ပလက်ဝမြို့မှာလည်း နေရပ်စွန့်ခွာသူ ၉၈,၄၁ ဦးရှိနေပါတယ်။

Photo- Internet
Source- United Nations OCHA Myanmar
Cherry(ရိုးရာလေး

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top