Apple မှ Jet White အရောင် အိုင်ဖုန်း ထွက်ဦးမည်

Apple-iPhone-7-Jet-White-Editions.jpg

Apple အနေနဲ့ iPhone 7 ကို စတင်ရောင်းချခဲ့ပြီး ဖြစ်ရာ နောက်ထပ် အရောင်တစ်မျိုးကို မကြာမီ ထပ်မံမိတ်ဆက်ဦးမှာ ဖြစ်ကြောင်း သတင်းများ ထွက်ရှိနေပါတယ်။

အရောင်ကတော့ Jet White ဖြစ်ပါတယ်။ အရောင် အနက်တောက်တောက် Jet Black ပြီးတော့ အဖြူတောက်တောက် Jet White ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Apple အနေနဲ့ မော်ဒယ် အသစ်တစ်မျိုး မထွက်မချင်း အရောင် အသစ်တစ်မျိုးကို သီးသန့် မိတ်ဆက်တာမျိုးကို အရင်က လုပ်လေ့လုပ်ထ မရှိပါဘူး။ ယခုတော့ ထူးခြားစွာပဲ သီးသန့် မိတ်ဆက်မယ်လို့ သတင်းထွက်ရှိနေပါတယ်။ အဖြူတောက်တောက် အရောင်အပြင် အခြားသော အရောင်များလည်း ထွက်ရှိအုံးမှာ ဖြစ်ကြောင်း ဆိုပါတယ်။ iPhone 5S တုန်းက ရွှေရောင်ထွက်ပြီး iPhone 6S ကျတော့ Rose Gold ထွက်ပါတယ်။ iPhone 5C တုန်းကလည်း အပြာရောင် အပြင် အခြားသော အရောင်များထွက်ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။

လက်ရှိ iPhone 7 ဟာလည်း Apple တို့အတွက် မျော်လင့်သလောက် မအောင်မြင်သေး ပါဘူး။ စတော့ ရှယ်ယာဈေးများလည်း ကျဆင်းခဲ့ပြီးနောက် Apple MacBook အသစ်ဟာ Apple ရဲ့ ဝင်ငွေကို တိုးစေဖို့ Apple မှ မျော်လင့်ခဲ့ကြ ပါတယ်။ ယခုတော့ iPhone 7 Jet White က Apple အတွက် ဈေးကွက် ဦးဆောင်နိုင်ရန် ပြုလုပ်ပေးနိုင်မှု ရှိမရှိကတော့ ပညာရှင်များ ခန့်မှန်းသုံးသပ်နေကြဆဲ ဖြစ်ပါတယ်။
.
Ref: MashableAsia ; ” A hot new color might be coming to the iPhone 7″

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top