OPPO F5 ကို မကြာခင်ဝယ်ယူနိုင်တော့မယ်

OPPO-F5-2-.jpg

OPPO က အသစ်မိတ်ဆက်ပေးထားခဲ့တဲ့ OPPO F5 Youth ထုတ်ကုန်ရဲ့ နောင်တော် version ဖြစ်တဲ့ OPPO F5 ကို ယခု ဒီဇင်ဘာလအတွင်း မြန်မာပြည် မိုဘိုင်းဈေးကွက်သို့ တင်ပို့ မိတ်ဆက်ပေးသွားတော့မယ် ဖြစ်တယ်လို့ သိရပါတယ်။

OPPO F5 ထုတ်ကုန်သစ်တွင် မျက်နှာပြင်အပြည့် မြင်ကွင်းကို ခံစားရရှိစေမည့် FullHD+ ရုပ်ထွက် အရည်အသွေးရှိ 6.0’’ Full Screen ကို အသုံးပြုပေးထားပါတယ်။ OPPO ရဲ့ နောက်ဆုံးနည်းပညာတစ်ရပ်ဖြစ်သော A.I. Beauty Technology ကိုပါ ထည့်သွင်းပေးထားခြင်းကြောင့် သဘာဝပိုဆန်ပြီး အရောင်အသွေး ပိုမိုပြည့်စုံစေမည့် Selfie ပုံများကို ရိုက်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။ OPPO F5 တွင် ကင်မရာပိုင်းအတွက် ပိုမိုကောင်းမွန်သည့် ကင်မရာ အမျိုးအစားများဖြစ်တဲ့ 20MP ရုပ်ထွက် အရည်အသွေးရှိ ရှေ့ကင်မရာနှင့် 16MP ရုပ်ထွက် အရည်အသွေးရှိ နောက်ကင်မရာတို့ကို တပ်ဆင်ပေးထားခြင်းကြောင့် ပိုအနုစိတ်ကျတဲ့ ဓာတ်ပုံများကို အလင်းရောင် နည်းပါးတဲ့အခြေအနေမှာပင် ဖန်တီးနိုင်မှာပါ။ ဖုန်းရဲ့ application များ အသုံးပြုရာတွင်လည်း RAM 4GB ကို တိုးမြှင့်အသုံးပြုပေးထားခြင်းကြောင့် ပိုသွက်လက်စွာ အသုံးပြုနိုင်မှာ ဖြစ်သလို Game ကစားရာတွင်လည်း ညက်ညောစွာ ကစားနိုင်မှာပါ။

OPPO F5 ရဲ့ ဒီဇိုင်းပိုင်းတွင် F5 Youth နှင့် အနည်းငယ် ကွဲလွဲသွားစေမယ့် ငွေရောင်လိုင်း ၂လိုင်းကို ဖုန်းနောက်ကျောဘက် အပေါ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် တစ်လိုင်းစီထည့်ပေးထားကြောင့် ဖုန်းနောက်ကျောဘက်ကို ကြည့်လိုက်ရုံနဲ့ OPPO F5 မှန်း ပိုမိုသိသာစေမှာ ဖြစ်ပါတယ်။
OPPO F5 တွင် Facial Unlock နည်းပညာများအပြင် Fingerprint လက်ဗွေဖတ်စနစ်နှင့် တခြားသော password, passcode နည်းလမ်းများနဲ့လည်းဖုန်း unlock လုပ်နိုင်မှာပါ။ ဖုန်းအချက်အလက် သိုလှောင်နိုင်စေရန် internal storage 32GB ကို တစ်ပါတည်း ထည့်သွင်းပေးထားပြီး Micro SD ကဒ်မှတစ်ဆင့် 256GB အထိထပ် တိုးအသုံးပြုနိုင်စေမည် ဖြစ်သည်။ OPPO F5 မှာ ColorOS Version 3.2 နှင့်အတူ Android OS 7.1 (Nougat) ကိုပါ တစ်ပါတည်း အသုံးပြုပေးထားသည်။ OPPO F5 အတွက်လည်း 3200 mAh အမျိုးအစား battery ကို အသုံးပြုထားတာကြောင့် ပုံမှန်အသုံးပြုပါက ၁၂နာရီအထိ ကြာရှည်ခံစေမည်ဖြစ်သည်။ OPPO F5 ဈေးနှုန်းကိုသိပ်မကြာခင်တွင် OPPO Myanmar မှကြေညာပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top