Samsung ၏အဆင့်မြင့် ပစ္စည်းများအား မြန်မာသုံးစွဲသူများ နှစ်ခြိုက် သဘောကျ

IMG_0928.JPG

ဩဂုတ်လ ၂၃ ရက်၊ ရန်ကုန် – ဩဂုတ်လ ၂၃ ရက်နေ့တွင် Samsung Myanmar မှ အဓိကမြို့ကြီး ၂ မြို့ ဖြစ်သော ရန်ကုန် နှင့် မန္တလေးတို့တွင် Samsung မှနောက်ဆုံးထွက်ရှိသော Galaxy Note 5 အား စတင်ရောင်းချခဲ့ရာ ရောင်းအား ရလဒ်ကောင်းမွန်စွာဖြင့် နာရီအနည်းငယ်အတွင်း ပစ္စည်းအားလုံးရောင်းကုန်ခဲ့ပါသည်။

“ကျွန်တော်တို့ရဲ့နောက်ဆုံးပေါ် Galaxy Note 5 အပေါ်မှာ မြန်မာပြည်က သုံးစွဲသူတွေရဲ့ ပံ့ပိုးမှုကို အခိုင်အမာ ရရှိခဲ့ပါတယ်။  Note Series ရဲ့ရောင်းအားက တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာတာကို ကြည့်ခြင်းအားဖြင့် Galaxy Note Series ကို မြန်မာသုံးစွဲသူတွေ သဘောကျနှစ်ခြိုက်မှန်း သိနိုင်ပါတယ်။ Note 5 အားလုံးကို နာရီပိုင်း အနည်းငယ်အတွင်း ရောင်းကုန်ခဲ့ပါတယ်။” ဟု Samsung Myanmar ၏ Head of IT & Mobile Channel ကိုဇာနည်ဝင်းထက်မှပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် မိတ်ဆက်ရောင်းချစဉ်အတွင်း ဝယ်ယူသူ customer များအတွက် တစ်သိန်းခွဲဖိုး တန်ကြေးရှိ လက်ဆောင်များ ပေးအပ်မည့် အထူးအစီအစဉ်ဖြစ်သော Galaxy Note 5 campaign ကို ရောင်းချသည့်နေ့ တစ်ရက်တည်း ၌ ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်၏ ပထမဦးဆုံး ဝယ်ယူသူသည် စတင်မရောင်းချမီ တစ်ရက်အလို ည ၈း၃၀ ခန့် အချိန်တွင် ရောင်းချမည့် လှည်းတန်းစင်တာ၌ စတင်တန်းစီညအိပ်တန်းစီခဲ့ပါသည်။ မန္တလေးမြို့တွင်လည်း စတင်မရောင်းချမီ တစ်ရက်အလို ည ၉း၄၅ ခန့်အချိန်တွင် ရောင်းချမည့် စီဒိုးနားဟိုတယ်၌ စတင် တန်းစီ ညအိပ်စောင့်ဆိုင်း ဝယ်ယူခဲ့ကြပါသည်။

“Samsung က social media တွေမှာရော ဂျာနယ်တွေမှာပါ ကြော်ငြာတာတွေကို တွေ့လည်းတွေ့၊ ဖတ်လည်းဖတ်ရ ပါတယ်။ ကျွန်တော် အရင်ဆုံး specification တွေကို သေချာလေ့လာပြီး ကျွန်တော့်သူငယ်တွေနဲ့လည်း ဆွေးနွေးဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်သူငယ်ချင်းနှစ်ယောက်နဲ့ အတူ စီးပွားရေးသမားတွေ အတွက် အလွန်သင့်တော်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Note 5 ကိုဝယ်ဖို့ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော်တို့အားလုံး ရွှေရောင်ဝယ်မှာပါ” ဟု ရန်ကုန်မှ ဦးဝင်းထွဋ် ကပြောကြားခဲ့ပါသည်။

Samsung မှလည်း ရှေ့ဆက်ပြီး မြန်မာနိုင်ငံသို့ နောက်ဆုံးပေါ် flagship ပစ္စည်းသစ်များကို ထပ်မံယူဆောင်လာဦး မည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top