စက်ထဲညပ်နေလို့ ကိုယ့်ခြေထောက်ကိုယ်ဖြတ်ခဲ့ရတဲ့ လယ်သမား

60617335_2380563961974510_7510819776797605888_n.jpg

နီဘရာစကာပြည်နယ်က လယ်သမားတစ်ယောက်ဟာ စပါးကျီတစ်ခုထဲကနေ တခြားစပါးကျီထဲကို စပါးတွေ ပြောင်းရွှေ့နေတုန်း စက်ထဲမှာ ညပ်နေလို့ ကိုယ့်ခြေထောက်ကို ဓားနဲ့လှီးဖြတ်ခဲ့ရပါတယ်။ အသက် (၆၃) နှစ်အရွယ်ရှိတဲ့ ကာဆာဟာ ဧပြီလ (၁၉) ရက်နေ့က ဧက ၁၅၀၀ ကျယ်ဝန်းတဲ့ သူ့ရဲ့လယ်ထဲမှာ တစ်ယောက်တည်း အလုပ်လုပ်နေတုန်း မတော်တဆဖြစ်ပွားခဲ့တာပါ။

ဝက်အူရစ်ပုံစံရှိတဲ့ လွန်ထဲညပ်မိနေချိန်မှာ ကာဆာက ခဲတံချွန်ဓားသုံးပြီး သူ့ခြေထောက်သူ ဖြတ်ခဲ့ရတာပါ။ အဲဒီနောက်မှာတော့ ဖုန်းရှိရာနေရာကို တွားသွားပြီး သားဖြစ်သူကို အကျိုးအကြောင်းပြောပြခဲ့တာပါ။ သူ့သားက သူ့ကို အိမ်ပြန်ခေါ်သွားပြီးနောက်မှာ နီဘရာစကာပြည်နယ်မြို့တော် လင်ကွန်းမြို့ကို အရေးပေါ် ရဟတ်ယာဉ်နဲ့ တင်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မှာတော့ ကာဆာက ဆေးရုံက ပြန်ဆင်းနိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top