ပေါ့ပ်အနုပညာရှင် ဂျက်ဖ်ကွန်းရဲ့ ရုပ်တု ကမ္ဘာ့စံချိန်တင်ဈေးနှုန်းနဲ့ လေလံအောင်မြင်

60601751_2380563305307909_7721210880095944704_n.jpg

ပေါ့ပ်အနုပညာလက်ရာတွေ ဖန်တီးသူ အမေရိကန်နိုင်ငံသား ဂျက်ဖ်ကွန်း ဖန်တီးထားတဲ့ ရုပ်တုဟာ သက်ရှိထင်ရှားရှိနေသူတစ်ယောက် ဖန်တီးထားတဲ့ အနုပညာလက်ရာတွေအနက် စံချိန်တင်ဈေးနှုန်းအဖြစ် အမေရိကန်ဒေါ်လာ (၉၁.၁) သန်းနဲ့ လေလံအောင်မြင်ခဲ့ပါတယ်။

အမြင့် (၄၁) လက်မရှိပြီး သံမဏိအခွံအသုံးပြုထားတဲ့ လေမှုတ်ယုန်ရုပ်တုဟာ ခန့်မှန်းထားတဲ့ ဈေးနှုန်းထက် အမေရိကန်ဒေါ်လာ သန်း (၂၀) ကျော် ပိုရခဲ့ပါတယ်။ နယူးယော့ခ်မြို့က ခရစ္စတီးလေလံပွဲမှာ လေလံအောင်မြင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဗြိတိန်ပန်းချီဆရာ ဒေးဗစ်ဟော့နေးရဲ့ ပန်းချီကားဈေးနှုန်းစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

အနုပညာပစ္စည်း ရောင်းဝယ်ဖောက်ကားသူ ရောဘတ်အမ်နူချင်က ယုန်ရုပ်တုကို လေလံအောင်မြင်ခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။ ရောဘတ်အမ်နူချင်ဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်အမ်နူချင်ရဲ့အဖေဖြစ်ပါတယ်။ အဲဒီရုပ်တုဟာ ဂျက်ဖ်ကွန်းရဲ့ အကျော်ကြားဆုံးရုပ်တုတစ်ခုဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top