အသားကင်ရာမှာသုံးတဲ့ အလူမီနီယမ်ပုံးတွေထဲကနေ မူးယစ်ဆေးဝါး တန်ချိန်တစ်ဝက်တွေ့ရှိ

yyl-011-11.jpg

အသားကင်ရာမှာ အသုံးပြုတဲ့ အလူမီနီယမ်ပုံးတွေထဲကနေ အလေးချိန် ၁၄၂၂ ပေါင်ရှိတဲ့ အက်တက်စီ(Ecstasy)ဆေးပြားတွေကို သြစတြေးလျရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး အမျိုးသား ၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အခုလိုဖမ်းဆီးနိုင်ဖို့အတွက် ဆိုက်ပရက်စ်၊ သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံ ၃ နိုင်ငံ ပူးပေါင်းပြီး ၆ လကြာ စုံစမ်းစစ်ဆေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဆိုက်ပရက်စ်နိုင်ငံ လီမာဆိုးမြို့ကနေ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တင်ပို့လိုက်တဲ့ ကွန်တိန်နာထဲမှာ အက်တက်စီ မူးယစ်ဆေးဝါး တော်တော်များများ ပါဝင်ဖွယ်ရှိတယ်လို့ ဆိုက်ပရက်စ်နိုင်ငံ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေစိုးမိုးရေးအဖွဲ့က သြစတြေးလျနယ်ခြားစောင့်တပ်ဖွဲ့ကို သတင်းပေးခဲ့ပါတယ်။

အဲဒီကွန်တိန်နာထဲမှာ အလူမီနီယမ်ပုံး ၂၀၀ တွေ့ရှိခဲ့ပြီး X-ray နဲ့ စစ်ဆေးရာမှာ အလူမီနီယမ်ပုံးရဲ့ အောက်ခြေအံဝှက်ထဲမှာ ဆေးပြားတွေ ထည့်လာတာ တွေ့ခဲ့ပါတယ်။ သြစတြေးလျရဲတပ်ဖွဲ့တွေက မူးယစ်ဆေးဝါးတွေကို အန္တရာယ်မရှိစေနိုင်တဲ့ တခြားအရာတွေနဲ့ အစားထိုးခဲ့ပြီး ပေးပို့ရမယ့်လိပ်စာအတိုင်း ဆစ်ဒနီမြို့ ကုန်လှောင်ရုံတစ်ခုကို ပေးပို့ခဲ့ပါတယ်။ ၃ လကျော်ကြာမြင့်တဲ့အထိ သံသယရှိသူ မတွေ့ခဲ့ရပါဘူး။ အောက်တိုဘာလနှောင်းပိုင်းကစပြီး အလူမီနီယမ်ပုံးတွေက ဆစ်ဒနီမြို့မှာရှိတဲ့ တခြားကုန်လှောင်ရုံကို တဖြည်းဖြည်းချင်း သယ်နေတာ သတိထားမိခဲ့ပါတယ်။ အဲဒီနောက်မှာ သြစတြေးလျနိုင်ငံသား သံသယရှိသူနဲ့ ကနေဒါနိုင်ငံသား သံသယရှိသူတွေကို ဖမ်းဆီးရမိခဲ့တာပါ။ သူတို့ ၂ ယောက်အနေနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခံရရင်တော့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရနိုင်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top