ရိုမန်ခေတ် ရေချိုးခန်းတွေကို တူးဖော်ရင်း ကြေးရုပ်တုတွေနဲ့ ရွှေဒင်္ဂါးအများအပြား တွေ့ရှိ

16.11.23-yyl-6.jpg

အီတလီနိုင်ငံမှာ ရိုမန်ခေတ် ရေချိုးခန်းတွေကို တူးဖော်ရင်း သမိုင်းတစ်လျှောက် အံ့အားသင့်စရာ အကောင်းဆုံး တွေ့ရှိမှုအဖြစ် လက်ရာမပျက်ရှိနေတဲ့ ကြေးရုပ် ၂၄ ရုပ်နဲ့ ရိုမန်ခေတ် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးနဲ့ ကြေးဒင်္ဂါး ၅၀၀၀ ကျော် တူးဖော်တွေ့ရှိခဲ့ပါတယ်။

ဆီနာမြို့ တက်စကန်တောင်စောင်းမှာရှိတဲ့ ရိုမန်ခေတ် ရေချိုးခန်းတွေကို တူးဖော်ခဲ့တာ ဖြစ်ပါတယ်။ ရွှံနွံထဲမှာ မြုပ်နေတာဖြစ်ပြီး အောက်ဆီဂျင်မရှိတဲ့ အနေအထားဖြစ်လို့ ကြေးရုပ်တွေက အညှိမတက်တာကြောင့် အစိမ်းရောင်ပြောင်းနေခြင်း မရှိပါဘူး။

အခုတွေ့ရှိရတဲ့ ကြေးရုပ်တွေ၊ ဒင်္ဂါးပြားတွေဟာ တက်စကန်နီမှာ မငြိမ်သက်မှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ဘီစီ ၂၀၀ ရီပတ်ဗလစ်ကန်ကာလက ဖြစ်ပါတယ်။ အဲဒီကာလမှာ ရိုမန်တွေဟာ သူတို့ထက် ရှေးကျတဲ့ Etruscan တွေထဲ ပေါင်းစည်းဝင်ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။

အခု တူးဖော်ခဲ့တဲ့ မြေနေရာဟာ တချိန်တုန်းက Etruscan တွေ နေထိုင်ရာဖြစ်ပြီး အဲဒီရေချိုးခန်းတွေကလည်း Etruscan တွေ အရင်ဆုံး အသုံးပြုခဲ့ကြတာပါ။ နောက်ပိုင်းမှာ ရိုမန်တွေက ဆက်ခံအသုံးပြုခဲ့တာပါ။
ဒါဟာ အီတလီသမိုင်းမှာ Etruscan နဲ့ ရိုမန်ခေတ် လက်ရာတွေ့ရှိမှုတွေအနက် ထပ်တူမရှိနိုင်တော့ အကြီးမားဆုံးတွေ့ရှိမှုတစ်ရပ် ဖြစ်တယ်လို့ တူးဖော်ရှာဖွေရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ပြည်ပတက္ကသိုလ်ရဲ့ သမိုင်းပညာရှင် တာဘိုလီက ဆိုပါတယ်။

ရုပ်တုတွေထဲမှာ အပိုလို၊ (ဂရိတွေရဲ့ ကျန်းမာရေး နတ်ဘုရားမ ဖြစ်တဲ့) Hygieia တို့ရဲ့ ရုပ်တုတွေ ပါဝင်ပါတယ်။ ရုပ်တုတွေက လက်ရာမပျက် ရှိနေတာကြောင့် ရုပ်တုပေါ်မှာ ရေးထွင်းထားတဲ့ Etruscan နဲ့ လက်တင်ဘာသာစကားတွေကိုလည်း အကောင်းအတိုင်း မြင်တွေ့ရပါတယ်။

အခုတူးဖော်တွေ့ရှိရတဲ့ ပစ္စည်းတွေကို ပြတိုက်မပို့ခင် ဂရော့ဆက်တိုမြို့မှာရှိတဲ့ ထိန်းသိမ်းရေးစင်တာထံ ပို့ဆောင်ခဲ့ပါတယ်။

Ref: Archaeologists Find 24 Bronze Statues ‘Without Equal’ Preserved in Tuscany for 2,300 Years That ‘Rewrite History’

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top