ပါကစ္စတန်နိုင်ငံရဲ့ ချောက်ကမ်းပါးပေါ်က ကေဘယ်ကားထဲမှာ ကျောင်းသား ၆ ယောက်အပါအဝင် လူ ၈ ဦး ပိတ်မိနေ

23.8.23-yyl-4.jpg

ပါကစ္စတန်နိုင်ငံမှာ ချောက်ပေါ်ကနေ သွယ်တန်းထားတဲ့ ကောင်းကင်ကားတစ်စီးထဲ ကလေးငယ် ၆ ယောက်အပါအဝင် လူ ၈ ယောက် ပိတ်မိနေပါတယ်။ ကလေးတွေက ကျောင်းသွားဖို့ ကေဘယ်ကား စီးလာကြတာဖြစ်ပြီး ချောက်ကမ်းပါးပေါ် အမြင့်ပေ ၉၀၀ မှာ ကေဘယ်ကား ရပ်တန့်သွားတာပါ။

လူ ၈ ယောက်က ကေဘယ်ကားထဲမှာ ပိတ်မိနေတဲ့ အနည်းဆုံး ၄ နာရီ ကြာမြင့်နေပါပြီ။ ကေဘယ်ကားထဲမှာ ပိတ်မိနေသူတွေကို ကယ်တင်ဖို့ ပါကစ္စတန်နိုင်ငံ ယာယီဝန်ကြီးချုပ်က ညွှန်ကြားထားပြီး လက်ရှိအချိန်မှာတော့ ကေဘယ်ကားထံကို စစ်တပ်ရဟတ်ယာဉ်တွေ ရောက်ရှိနေပါပြီ။

ဒါပေမဲ့ လေပြင်းတိုက်ခတ်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ဖို့ ခက်ခဲနေသလို ရဟတ်ယာဉ်ရဲ့ ဒလက်လည်နှုန်းကြောင့် ကေဘယ်ကား မငြိမ်မသက် ဖြစ်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ကေဘယ်ကားထဲ ပိတ်မိနေတဲ့ ကျောင်းသားလေးတွေဟာ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်ကြား အရွယ်ရှိပြီး ကျောင်းသားတစ်ယောက်ကတော့ လွန်ခဲ့တဲ့ ၃ နာရီအလိုက သတိလစ်သွားခဲ့ပါတယ်။
ခီဘာပက်တန်ဟွာပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကျောင်းသား ၁၅၀ လောက်ဟာ နေ့စဉ်နေ့တိုင်း အန္တရာယ်များတဲ့ ကေဘယ်ကားကိုစီးပြီး ကျောင်းသွား၊ ကျောင်းပြန် လုပ်နေရတယ်လို့ ဒေသခံဆရာမတစ်ဦးက ဆိုပါတယ်။

Ref: Army launches rescue operation as eight stranded in chairlift above deep Pakistan valley

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top