The Expendables 4 ရုပ်ရှင်ကားသစ်မှာ မပါဝင်ထားဘူးဆိုတဲ့ အာနိုးရှဝါဇနက်ဂါ

31.5.2023-yyl-7.jpg

The Expendables 4 ရုပ်ရှင်ကားသစ်မှာ သူ မပါဝင်ထားဘူးလို့ အသက် ၇၅ နှစ်အရွယ် ဝါရင့်မင်းသားကြီး အာနိုးရှဝါဇနက်ဂါက အတည်ပြုခဲ့ပါတယ်။ ရှေ့မှာ ထွက်ရှိခဲ့ပြီးတဲ့ The Expendables ၃ ကားမှာ ထရန်ချ် မော်ဆာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူက စက်တင်ဘာမှာ ရုံတင်ပြသမယ့် ဒီ ၄ ကားမြောက်မှာတော့ မပါဝင်ဖြစ်တော့ပါဘူး။

“ဒီဇာတ်ကား ရိုက်ပြီးသွားပါပြီ။ အဲဒီကားမှာ ကျွန်တော်မပါပါဘူး။ အရင်က ကျွန်တော်တို့ ရိုက်ကူးခဲ့တာကို မင်းတို့ သိကြပါတယ်။ ကျွန်တော် အဲဒီကနေ ထွက်လိုက်တယ်”လို့ အာနိုးက ပြောပါတယ်။ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Expendables ပထမဇာတ်ကားမှာတော့ မင်းသားစတားလုံးကြောင့် ဧည့်သည်အဖြစ် စပါဝင်ဖြစ်ခဲ့တယ်။ နောက် ၂ ကားမှာလည်း ထပ်ပြီးပါဝင်ပေးဖို့ စတားလုံးက တောင်းဆိုခဲ့တယ်လို့ သူ ဖွင့်ဟခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လမှာ The Expendables ၄ ကားမြောက်ဇာတ်ကားကို ရိုက်ကူးဖို့လုပ်နေတယ်လို့ အတည်ပြုခဲ့တာပါ။ အတည်ပြုပြီး ၂ လအကြာမှာ ရိုက်ကူးရေးစတင်ခဲ့ပြီး ဒီဇင်ဘာမှာ အဆုံးသတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ မင်းသားကြီး အာနိုးက အက်ရှင်ဟာသ Netflix စီးရီး Fubar မှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီစီးရီးကို Netflix ကနေ ဇွန် ၇ ရက်နေ့ ပြသမှာဖြစ်ပါတယ်။

Ref: Arnold Schwarzenegger Confirms He Is Not In Expendables 4: “I’m Out Of It”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top