Covid-19 ကူးစက်ပျံ့နှံ့မှုက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားဖို့ WHO သတိပေး

25feb202001.jpg

Covid-19 ကူးစက်ပျံ့နှံ့မှုက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်လာနိုင်လို့ အခုထက်ပိုပြီး ကြိုတင်ပြင်ဆင်ထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က ပြောပါတယ်။ Covid-19 ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါလို့ သတ်မှတ်ဖို့ အချိန်စောလွန်းပေမဲ့ နိုင်ငံတွေအနေနဲ့ ကြိုတင်ပြင်ဆင်တဲ့အဆင့်မှာ ရှိနေသင့်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ဒေသအသီးသီးမှာ လူတစ်ယောက်ကနေ တခြားလူတစ်ယောက်ကို ကူးစက်ရောဂါ အလွယ်တကူ ကူးစက်ပျံ့နှံ့နေ တယ် ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှာ အစပြုခဲ့တဲ့ Covid-19 ရောဂါဟာ တောင်ကိုရီးယား၊ အီတလီနဲ့ အီရန်နိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေလို့ စိုးရိမ်စရာအခြေအနေ ဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာ Covid-19 ကူးစက်ခံရသူ ၈၀၀၆၇ ယောက်ရှိနေပြီး သေဆုံးသူ ၂၆၉၈ ယောက်ရှိပါတယ်။ တခြားနိုင်ငံ/ ဒေသ ၂၉ ခုမှာ ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်သူ ၁၂၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂၀ ကျော်ရှိပါတယ်။ Covid-19 ကြောင့် စီးပွားရေးအပေါ် ရိုက်ခတ် မှာ စိုးရိမ်ပူပန်တဲ့အတွက် ကမ္ဘာတစ်ဝန်းမှာ စတော့ရှယ်ယာစျေးကွက်တွေ သိသိသာသာ ကျဆင်းခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top