ရန်ကုန်မြို့ပတ်လမ်းမှာပြေးဆွဲမယ့် RBE(၂၁)တွဲ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ

Untitled-1.jpg

ရန်ကုန် မေ ၁၂
ရန်ကုန်မြို့ပတ်လမ်းမှာပြေးဆွဲမယ့် RBE(၂၁)တွဲဟာ သီလဝါဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပြီး အမြန်ဆုံး အသုံးပြုနိုင်ဖို့အတွက် အင်းစိန်စက်ရုံနဲ့ နေပြည်တော်စက်ရုံကို ဆက်လက်ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သတင်းရရှိပါတယ်။

”RBE(၂၁)တွဲပါ၊ မနေ့ကညနေအထိတော့ လေးတွဲချပြီးပြီ။ မြို့ပတ်အတွက် ရည်ရွယ်ထားတဲ့ဟာတွေပါ။ နည်းနည်းနောက်ကျနေတဲ့အတွက် ဂျပန်ကလှူတဲ့ ၂၁ တွဲပဲ လောလောဆယ်ရောက်ရှိလာတာပါ”လို့ မြန်မာ့မီးရထား၊ အောက်မြန်မာပြည်အထွေထွေမန်နေဂျာ ဦးအောင်သူလတ်က ပြောပါတယ်။

ရန်ကုန်မြို့ပတ်မှာ ပြေးဆွဲနိုင်ဖို့ရည်ရွယ်ပြီး မြန်မာ့မီးရထားကနေ ဂျပန်နိုင်ငံကို ၆၆ တွဲမှာယူထားတာဖြစ် ပေမယ့် လတ်တလောမှာ မထုတ်လုပ်နိုင်သေးတဲ့အတွက် ယာယီအစားထိုးပြေးဆွဲနိုင်ဖို့ ကူညီတဲ့သဘောနဲ့ အဲဒီ ၂၁ တွဲကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီ ၂၁ တွဲဟာ ချက်ချင်းအသုံးပြုလို့မရသေးဘဲ ပြင်ဆင်ဖို့ လိုအပ်တဲ့အတွက် အင်းစိန်စက်ရုံနဲ့ နေပြည်တော်စက်ရုံကို ပို့ဆောင်ရတာဖြစ်ပြီး ရထားလမ်းပေါ်မှာ ပြေးဆွဲနိုင်ဖို့အတွက် အချိန်တစ်လခွဲခန့် ကြာမယ် လို့လည်း ဦးအောင်သူလတ်က ဆိုပါတယ်။

”ကျွန်တော်တို့လမ်းမှာ သူတို့ပြေးလို့မရဘူး။ သူတို့ကနည်းနည်းကျယ်တယ်။ အဲဒီတော့ အင်းစိန်စက်ရုံကို ပို့ပြီး ဘီးကို ကျွန်တော်တို့ဆီမှာ သုံးလို့ရအောင်ပြင်ရမယ်။ နေပြည်တော်ပို့ပြီး ကျန်တဲ့တွဲပိုင်းဆိုင်ရာလိုအပ်ချက် တွေကို ပြင်ရဦးမယ်”လို့ ဦးအောင်သူလတ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပုံမှန်အားဖြင့် လူစီးတွဲတွေအားလုံးကို မြစ်ငယ်မှာသာပြုလုပ်ပေမယ့် လက်ရှိမှာ တရုတ် လေအိတ်တွဲတွေ၊ ကိုရီးယားလေအိတ်တွဲတွေနဲ့ မြန်မာနိုင်ငံက မီးရထားတွဲတွေ တည်ဆောက်နေမှုတွေကြောင့် နေပြည်တော်စက်ရုံကပါ ဝိုင်းဝန်ဆောင်ရွက်ပေးနေရတာဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top