၁၉၉၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရာသီသိမ်းမှုကြုံခဲ့တဲ့ အာဆင်နယ်

22-7-2020-yyl-009.jpg

အာဆင်နယ်အသင်းဟာ နည်းပြအာတီတာလက်ထက်မှာ တိုးတက်မှုတွေ ရှိလာခဲ့ပေမဲ့ ဗီလာကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ ၁၉၉၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရာသီသိမ်းမှု ကြုံရတော့မှာပါ။ အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဝက်ဖို့ဒ်နဲ့ ရာသီသိမ်းပွဲစဉ် ကစားရဖို့ ရှိနေပြီး အဆင့်(၈)နဲ့ အဆင့်(၁၀)နေရာကြားမှာသာ ရာသီသိမ်းရဖို့ ရှိနေပါတယ်။

အာဆင်နယ်ဟာ ၁၉၉၅ ခုနှစ်က အဆင့်(၁၂)နေရာနဲ့ ရာသီသိမ်းခဲ့လို့ အသင်းကို ကိုးနှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြဂျော့ဂရေဟမ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဒီရာသီ အဝေးကွင်းပွဲစဉ်အားလုံး ကစားချိန်မှာ ၄ ပွဲပဲ အနိုင်ရခဲ့တဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အဝေးကွင်းမှတ်တမ်း အဆိုးရွားဆုံးဖြစ်တဲ့ ၂၀၁၇-၁ ရာသီက စံချိန်နဲ့လည်း တူညီခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ အပါအဝင် ၃ ရာသီဆက်တိုက် လိဂ်ပွဲစဉ် (၁၀)ပွဲ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးတစ်ရပ်လည်း ပိုင်ဆိုင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top