ပရီးမီးယားလိဂ် ရာသီသစ်စဖို့ ၅ ရက်အလို မန်စီးတီးကစားသမား ၂ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

7-9-2020-yyl-020.jpg

ပရီးမီးယားလိဂ် ရာသီသစ် စတင်ဖို့ ၅ ရက်ပဲ လိုတော့တဲ့အချိန်မှာ တောင်ပံကစားသမား မာရက်ဇ်နဲ့ နောက်ခံလူ လာပေါ်တေးတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ မန်စီးတီးအသင်းက အတည်ပြုခဲ့ပါတယ်။ သူတို့ ၂ ယောက်လုံး ရောဂါလက္ခဏာမပြဘူးလို့ ဆိုပါတယ်။

မန်စီးတီးဟာ လာမယ့်စနေနေ့မှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဝုဗ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာပါ။ ပရီးမီးယားလိဂ် ရာသီသစ်စတင်ဖို့ ၅ ရက်ပဲ လိုတော့တဲ့အချိန်မှာ မန်စီးတီးအသင်း ကစားသမား ၂ ယောက် ရောဂါပိုး ရှိနေတာ တွေ့ရတယ်ဆိုတဲ့ သတင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက်ပါ စိုးရိမ်စရာပါပဲ။ မာရက်ဇ်နဲ့ လာပေါ်တေးတို့ဟာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်၊ ဗြိတိန်အစိုးရရဲ့ အသွားအလာ ကန့်သတ်စောင့်ကြည့်မှုစည်းမျဉ်းတွေနဲ့အညီ သီးသန့်ခွဲခြားနေထိုင်လျက်ရှိပါတယ်။

Ref: Dailymail ” BREAKING NEWS: Manchester City pair Riyad Mahrez and Aymeric Laporte test POSITIVE for coronavirus… just five days before the Premier League restarts”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top