အင်ဒိုနီးရှားမှာ TikTok ကနေ တောင်းရမ်းစားသောက်သူများလာလို့ အစိုးရပါ ဝင်ထိန်းနေရ

6.2.2023-image-5.jpg

အင်ဒိုနီးရှားနိုင်ငံက တောင်းရမ်းစားသောက်သူတွေကတော့ အရင်ကလို နေပူမရှောင်၊ မိုးရွာမရှောင်၊ လမ်းဘေးမှာ မတောင်းကြတော့ပါဘူး။ နည်းပညာရေစီးအလျင်ကို အမီလိုက်ပြီး TikTok ကနေ တောင်းနေကြပါပြီ။ သနားစရာကောင်းတဲ့ TikTok ဗီဒီယိုလေးတွေ ရိုက်ပြပြီး virtual gifts လို့ခေါ်တဲ့ အွန်လိုင်းလက်ဆောင်တွေ တောင်းကြတာပါ။

TikTok မှာ အွန်လိုင်းလက်ဆောင်ပေးချင်သူတွေဟာ TikTok ငွေဒင်္ဂါးဝယ်ရပြီး ငွေဒင်္ဂါး ၁၀၀ အတွက် အမေရိကန်ဒေါ်လာ ၁.၂၉ ပေးရပါတယ်။ နှင်းဆီတစ်ပွင့်ကို ဒင်္ဂါးပြား ၁ ပြား၊ ကိတ်မုန့်တစ်စိတ်ကို ဒင်္ဂါးပြား ၂၀ အစရှိသဖြင့် သတ်မှတ်ထားတာပါ။ တောင်းရမ်းစားသောက်သူတွေဟာ TikTok ကနေ သူတို့ရတဲ့ လက်ဆောင်တွေကို ငွေသားနဲ့ ပြန်လဲလှယ်ကြတာ ဖြစ်ပါတယ်။

အဲဒီလို အွန်လိုင်းကနေ တောင်းရမ်းစားသောက်မှု အားကောင်းလာလို့ အင်ဒိုနီးရှားအစိုးရကပါ ဝင်ထိန်းရတဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှား လူမှုရေးဝန်ကြီးက အွန်လိုင်းနဲ့ ပြင်ပ နှစ်နေရာလုံးမှာ တောင်းရမ်းစားသောက်မှုတွေကို ဟန့်တားဖို့ ဝန်ထမ်းတွေကို မှာကြားထားပါတယ်။

အင်ဒိုနီးရှားဟာ အမေရိကန်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ TikTok အသုံးပြုသူ ဒုတိယအများဆုံးဖြစ်ပြီး အသုံးပြုသူ ၁၀၇ သန်းနီးပါး ရှိပါတယ်။

Ref: Begging 2.0 – Indonesian Beggars Get on TikTok Instead of Going Out on the Street

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top