OPPO Find N2 Flip ဟာ Android 14 Beta 1 အသုံးပြုနိုင်မဲ့ ပထမဆုံး ဖုန်းဖြစ်လာ

9.6.2023-yyl-4.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO က ပထမဆုံး Clamshell ပုံစံ ခေါက်နိုင်တဲ့ ဖုန်းအမျိုးအစားဖြစ်တဲ့ Find N2 Flip ဖုန်းဟာ Google Android 14 Beta 1 Update အသစ်ကို အသုံးပြုနိုင်မဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းတွေထဲက တစ်ခုဖြစ်လာမှာပါ။ Developer တွေနဲ့ Early-adopter တွေအနေနဲ့ သူတို့ရဲ့ OPPO ခေါက်ဖုန်းပေါ်ရှိ လုပ်ဆောင်ချက်အသစ်တွေနဲ့ APIs အသစ်တွေကို အသုံးပြုကာ Developer ဗားရှင်းဖြစ်တဲ့ Android 14 ရဲ့ ပထမဆုံး ColorOS Version Beta ကို တွေ့ကြုံ ခံစားအသုံးပြုနိုင်မှာဖြစ်ပါတယ်။

OPPO ၏ Head of the Flagship Product Line ဖြစ်သူ Mr. Peter Dohyung Lee က “OPPO Find N2 Flip ဟာ ခေါက်စမတ်ဖုန်းအသစ်တွေအတွက် မြင့်မားတဲ့ စံနှုန်းတစ်ခု သတ်မှတ်ပေးခဲ့တာ အသေအချာပါပဲ။ ကျွန်တော်တို့အနေနဲ့ Find N2 Flip ကို ဖန်တီးဖို့ ပင်ကိုယ်ဒီဇိုင်းမူတွေနဲ့ ဆန်းသစ်တီထွင်မှုအပိုင်းမှာ ထိပ်တန်းအင်ဂျင်နီယာတွေနဲ့အတူပေါင်းစပ် ဖန်တီးထားကြတာဖြစ်ပါတယ်။ Android 14 နဲ့အတူ ကျွန်တော်တို့ဟာ ပြိုင်ဘက်ကင်းတဲ့ Software တွေနဲ့ နောက်ဆုံးပေါ် Hardware တွေကို ပေါင်းစပ်ပြီး ခေါက်နိုင်တဲ့ ဖုန်းတွေရဲ့ ဖြစ်တည်မှုကို ဆက်လက်မြှင့်တင်သွားဖို့ လုပ်ဆောင်သွားပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

Android 14 မှာ လုပ်ဆောင်မှု၊ စွမ်းဆောင်ရည်၊ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှု၊ လုံခြုံရေးနဲ့ အသုံးပြုသူ စိတ်ကြိုက်ပြင်ဆင်ခြင်းအပိုင်းတို့ကို မြှင့်တင်ပေးမဲ့ လုပ်ဆောင်ချက်တွေများစွာ ပါဝင်ပါတယ်။ ယင်း Android 14 ဟာ Mid-display Back Arrow အသစ်နဲ့ ပိုမိုကောင်းမွန်တဲ့ System Share Sheet ကဲ့သို့ ပိုမိုနားလည်သဘောပေါက် လွယ်စေမဲ့ User Interface တွေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ သုံးစွဲသူ အချက်အလက် ထိန်းသိမ်းမှု (User Privacy) ကို ပိုမိုခိုင်မာစေဖို့ ဒီစနစ်ဟာ Application တွေကို Accessibility Services ပိုင်းမှာ သတ်မှတ်ထားတဲ့ ကြည့်ရှုမှုတွေကိုသာ ဝင်ရောက်နိုင်ဖို့ ခွင့်ပြုမှာဖြစ်ပါတယ်။ Developer များအနေဖြင့် မြင်ကွင်းကျယ် Screen တွေနဲ့ အသေးစား Screen တွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ App တွေကို ဖန်တီးရာမှာ Google ကနေ ပံ့ပိုးပေးထားတဲ့ Android APIs၊ Tool တွေနဲ့ အရင်းအမြစ်တွေကို အသုံးပြုဖို့ ဖိတ်ခေါ် ကြိုဆိုလျက်ရှိပါတယ်။ Google နဲ့ ပူးပေါင်းလုပ်ဆောင်မှု တစ်ရပ်အနေနဲ့ OPPO က မကြာသေးမီက Speech-to-Text လုပ်ဆောင်ချက်ကို Find N2 Flip ရဲ့ Cover Screen မှာတင် အသုံးပြုလို့ရအောင် မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

Android 14 Beta 1 Update ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ကမ္ဘာတစ်ဝန်းမှာ စတင်မိတ်ဆက်ခဲ့တဲ့ OPPO Find N2 Flip အတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ OPPO Find N2 Flip မှာ အကြီးမားဆုံး Cover Screen၊ ခေါက်ရာမထင်သလောက် နည်းပါးတဲ့ မျိုးဆက်သစ် Flexion Hinge နဲ့ တစ်နေ့တာလုံး အသုံးခံတဲ့ ဘတ်ထရီနဲ့ SUPERVOOC အားသွင်းမြန်စနစ်တို့ ပါဝင်ပါတယ်။ ထို့အပြင် Android 14 Beta 1 Update မှာ အဓိက ColorOS Update 4 ခုနဲ့ Global User တွေအတွက် ၅ နှစ်စာ Security Update တွေလဲ ပါရှိမှာဖြစ်ပါတယ်။

Developer တွေအနေနဲ့ Android 14 Beta 1 ကို အခြေပြု ဖန်တီးထားတဲ့ ColorOS Version ကို Download ဆွဲ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ယခုနှစ်နှောင်းပိုင်းမှာ Find N2 Flip Global User တွေအနေနဲ့ Android 14 ကို အခြေခံထားတဲ့ ColorOS Public Version ကို မကြာမီ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

UEFA Champions League ရဲ့ Official Global Partner ဖြစ်တဲ့ OPPO ဟာ ယခင် FIFA World Player of the Year နဲ့ Ballon d’Or၊ UEFA Champions League၊ FIFA World Cup နဲ့ အခြားဆုတွေ ရရှိထားတဲ့ ဘောလုံးကစားသမားဟောင်း Kaká ကို OPPO Global Brand Ambassador အဖြစ်ခန့်အပ်ကာ လာမဲ့ ၂၀၂၃ ခုနှစ် UEFA ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားမဲ့ တူရကီနိုင်ငံ Istanbul မြို့မှာ ကမ္ဘာအနှံ့က ပရိသတ်တွေနဲ့ အတူ Atatürk အိုလံပစ်အားကစားကွင်းရှိ OPPO Booth မှာ တွေ့ဆုံသွားမှာဖြစ်သလို Android 14 Beta 1 အသုံးပြုနိုင်မဲ့ OPPO Find N2 Flip နဲ့ Find X6 Pro ကို အသုံးပြုပြီးတော့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top