အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး PUBG MOBILE ဂိမ်းပြိုင်ပွဲကြီးမှာ မြန်မာကစားသမားအသင်းမှ နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်သွားမယ်

Yangon-Galacticos-3.jpg

အရှေ့တောင်အာရှဒေသအတွင်းမှာ PUBG MOBILE ရဲ့ အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးသို့ အရှေ့တောင်အာရှမှ အကောင်းဆုံးကစားသမား အသင်းများနှင့်အတူ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ရမယ့် မြန်မာလူငယ် PUBG MOBILE ကစားသမားအသင်းအဖြစ် Yangon Galacticos ကလည်း တက်ရောက်အနိုင်ရရှိ သွားကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာ PUBG MOBILE ကစားသမားအသင်း Yangon Galacticos က၂၀၂၀ ပြည့်နှစ် မတ်လမှာ ရန်ကုန်မြို့၌ ကျင်းပခဲ့သော PUBG MOBILE Myanmar Championship 2020 ဖိုင်နယ် ပြိုင်ပွဲကြီးမှာ နိုင်ငံတွင်းမှ အသင်းပေါင်း ၁၂၀ နှင့် ယှဉ်ပြိုင်ခဲ့ပြီး First Runner-Up ဆုကို ရရှိခဲ့ပါတယ်။ Yangon Galacticos နှင့်အတူ PUBG MOBILE Myanmar Championship 2020 ဖိုင်နယ်ပြိုင်ပွဲမှ အခြားထိပ်ဆုံးရရှိသော အသင်း (၃) သင်းဖြစ်တဲ့ My GALAXY, DEUS Esport နှင့် Team SCOTT တို့က PMCO SEA Wildcard Final အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိခဲ့ပါတယ်။

PMCO SEA Wildcard Final အဆင့်က ကိုယ်ပိုင် League မရှိသေးတဲ့ အရှေ့တောင်အာရှနိုင်ငံများမှ အသင်းများ Online တွင် အချင်းချင်း ယှဉ်ပြိုင်ရသော ပြိုင်ပွဲဖြစ်ပါတယ်။ မြန်မာအသင်း ၄ သင်းနှင့် လာအို၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောနိုင်ငံများမှ Online ပြိုင်ပွဲများမှ အနိုင်ရရှိတဲ့ အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းတို့က ၂၀၂၀ ပြည့်နှစ် ဧပြီလဆန်းတွင် PMCO SEA Wildcard Final အဆင့်အတွက် အွန်လိုင်းမှ တစ်ဆင့် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အကောင်းဆုံး မြန်မာအသင်း ၄ သင်းဖြစ်တဲ့ Yangon Galacticos, My GALAXY, DEUS Esport နှင့် Team SCOTT တို့က PMCO SEA Wildcard Finals အဆင့်တွင် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အရှေ့တီမော အသင်းများနှင့် အကောင်းဆုံး အင်အားပြည့် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ PMCO SEA Wildcard Final အဆင့်တွင် ထိပ်ဆုံးရပ်တည်နိုင်သော အသင်း (၃) သင်းကသာ ကိုယ်ပိုင် League ရှိသောနိုင်ငံများဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံမှ အသင်းများနှင့်အတူ PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးသို့ တက်လှမ်း ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးက PUBG MOBILEရဲ့ အရှေ့တောင်အာရှဒေသအတွင်း အကြီးမားဆုံး ပြိုင်ပွဲကြီးဖြစ်တဲ့အပြင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိတဲ့ဆုကြေး ငွေများလည်း ပေးအပ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။

အဲဒီ PMCO SEA Wildcard Finals အဆင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့မြန်မာနိုင်ငံမှ ထိပ်သီး အသင်း (၄) သင်းထဲမှ Yangon Galacticos အဖွဲ့က နံပါတ် (၃) နေရာ ရရှိခဲ့ပြီး အဆင့် (၁) အဖြစ် ဖိလစ်ပိုင်နိုင်ငံမှ Blacklist International အဖွဲ့မှလည်းကောင်း၊ အဆင့် (၂) အဖြစ် ကမ္ဘောဒီးယားမှ Orange CG အဖွဲ့တို့မှ လည်းကောင်း အသီးသီး ရလဒ်များ ရရှိခဲ့ကြပါတယ်။ ဒီအဖွဲ့သုံးဖွဲ့က PMPL (PUBG MOBILE Pro League) SEA Finals အဆင့်တွင် အရှေ့တောင်အာရှရဲ့ အကောင်းဆုံး အသင်းများနှင့် ယှဉ်ပြိုင်ကစားသွားရတော့မှာဖြစ်ပြီး Yangon Galacticos အသင်းက မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် ဂုဏ်ယူဖွယ် ဝင်ရောက်ယှဉ်ပြိုင်ရန် အခွင့်အရေး ရရှိခဲ့ပြီဖြစ်ပါတယ်။

အဲဒီ PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးကို အရင်က Offline ပြိုင်ပွဲကျင်းပရန် စီစဉ်ထားသော်လည်း ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေတဲ့ COVID-19 အခြေအနေကြောင့် PUBG MOBILE ကစားသမားများနှင့် ပရိသတ်များရဲ့ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Online သီးသန့်ပြိုင်ပွဲအဖြစ်သာ ပြောင်းလဲကျင်းပသွားမှာဖြစ်ပါတယ်။ PMPL SEA Finals Season 1 ကို လာမယ့် မေလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာအသင်းဖြစ်တဲ့ Yangon Galacticos လည်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အဲဒီ ပြိုင်ပွဲယှဉ်ပြိုင်မှုများကို PUBG MOBILE (MM) Facebook Page http://www.fb.com/PUBGMOBILE.MM.OFFICIAL မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

PUBG MOBILEက မြန်မာနိုင်ငံရဲ့ Esports ကဏ္ဍကို အခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာ အဆင့်မီ Esports Ecosystem တစ်ခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာရန်နှင့် မြန်မာလူငယ် Esports ကစားသမားများကို နိုင်ငံတကာ အဆင့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကူညီပံ့ပိုးပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ပြည်တွင်းပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လတွင်လည်း PUBG MOBILE Myanmar Championship 2020 ပြိုင်ပွဲကြီးကို ကျင်းပခဲ့ပါတယ်။

ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များအားလုံးကို PUBG MOBILE ရဲ့ Official Facebook စာမျက်နှာ http://www.fb.com/PUBGMOBILE.MM.OFFICIALမှာ လေ့လာလို့ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top