အက်တမ် (ATOM) အသုံးပြုသူ customer များ၏ တန်ဖိုးထားမှု၊ လူမှုအသိုင်းအဝိုင်းများကို ထောက်ပံ့ကူညီပေးမှုများနှင့်အတူ အက်တမ် (ATOM) ၏ တစ်နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်

9.6.2023-yyl-5.jpg

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် မြန်မာနိုင်ငံ၏ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် တက်တက်ကြွကြွ လုပ်ဆောင်ရင်း မြန်မာပြည်သူပြည်သားများကို ပိုမိုသာလွန်ကောင်းမွန်သည့် Beyond Better ဆက်သွယ်ရေးနှင့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ခဲ့သည့် အောင်မြင်မှုများဖြင့် တည်ရှိလာသည်မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ ယခုတစ်နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အက်တမ် (ATOM) သည် လူမှုအသိုင်းအဝိုင်းကို များစွာသော ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ပြီး ချစ်ခင်လေးစားရသည့် အက်တမ် (ATOM) အသုံးပြုသူ customer များနှင့် စီးပွားရေးမိတ်ဖက်လုပ်ငန်းများအား ကျေးဇူးတင်ရှိကြောင်း ဖော်ပြနိုင်ရန်အတွက် လှုပ်ရှားမှုအစီအစဉ်များနှင့် ဆောင်ရွက်မှုပေါင်းများစွာကို မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။

လုပ်ငန်းလည်ပတ်မှု ပထမဆုံးနှစ်တွင် အက်တမ် (ATOM) သည် ဆက်သွယ်ရေးကို အဆင့်မြှင့်တင်ပေးခြင်းနှင့် ကောင်းမွန်သော ပြောင်းလဲမှုများကို လုပ်ဆောင်ရာတွင် သိသာထင်ရှားသည့် အောင်မြင်မှုမှတ်တိုင်များကို ရရှိနိုင်ခဲ့ပါသည်။ ကွန်ရက်ဖြန့်ကျက်နိုင်မှုကို တိုးချဲ့ပြီး အဆင့်မြှင့်တင်နိုင်ခဲ့ခြင်း၊ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းအတွင်း ထိပ်တန်းအက်ပလီကေးရှင်းဖြစ်သည့် ATOM စတိုးအက်ပ်ကို မိတ်ဆက်ပေးခဲ့ခြင်း၊ ဂိမ်းပလက်ဖောင်းများနှင့် ကမ်ပိန်းများမှတစ်ဆင့် စိတ်အပန်းဖြေနိုင်သည့် ပျော်ရွှင်စရာ အတွေ့အကြုံများကို ပေးအပ်နိုင်ခဲ့ခြင်း၊ အခမဲ့ တယ်လီဖုန်းမှတစ်ဆင့် ရယူနိုင်သော ကျန်းမာရေး ဝန်ဆောင်မှုများ၊ ငွေကြေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် ပတ်သက်ပြီး တန်ဖိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်နိုင်ခဲ့ခြင်း၊ နိုင်ငံတစ်ဝှမ်းတွင် ထိရောက်သည့် လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းနှင့် ဂုဏ်သတင်းကြီးမားသည့် ဆုပေးပွဲအခမ်းအနားများတွင် ကုမ္ပဏီ၏ ကြိုးစားအားထုတ်မှုများကြောင့် ဆုတံဆိပ်များဖြင့် အသိအမှတ်ပြုခံရခြင်း စသည့် အောင်မြင်မှုမှတ်တိုင်များမှာ သက်သေပင်ဖြစ်ပါသည်။

အသုံးပြုသူ customer များအတွက် ပိုမိုသာလွန်ကောင်းမွန်သည့် Beyond Better ဝန်ဆောင်မှုအစီအစဉ်များ – အက်တမ် (ATOM) သည် အက်တမ် (ATOM) အသုံးပြုသူ customer များကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ၂၀၂၃ ခုနှစ် ၈ ရက်နေ့ မှ ၁၄ ရက်နေ့အထိ ခုနှစ်ရက်အတွင်း ဆုလက်ဆောင်များကို ပေးအပ်သွားမည် ဖြစ်ပါသည်။ အောက်ဖော်ပြပါ ဝန်ဆောင်မှုများသည် တစ်နေ့စာ အကျုံးဝင်မည်ဖြစ်ပြီး သတ်မှတ်ထားသောရက်၏ ည ၁၂ နာရီတွင် ကုန်ဆုံးမည်ဖြစ်ပါသည်။

နေ့ရက်
ဆုလက်ဆောင်များ

၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့
ဒေတာ 200 MB အခမဲ့ အသုံးပြုခွင့်

၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့
အက်တမ်ဖုန်းအချင်းချင်း ၁၅ မိနစ်စာ အခမဲ့ ဖုန်းခေါ်ဆိုခွင့်

၂၀၂၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့
နာမည်ကြီးဂိမ်းများဖြစ်သည့် (MLBB, PUPGM) တို့ ကစားရန် ဒေတာ 500 MB အခမဲ့ အသုံးပြုခွင့်

၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့
ATOM စတိုးအက်ပ်အတွင်းရှိ ရသ ဝန်ဆောင်မှု (Mahar, Viu, ShweStream) အတွက် ဒေတာ 500 MB အခမဲ့ အသုံးပြုခွင့်

၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့
Viber အတွက် ဒေတာ 500 MB အခမဲ့ အသုံးပြုခွင့်

၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့
အက်တမ်ဖုန်းအချင်းချင်း SMS စာတို ၁၀၀ အခမဲ့ ပေးပို့ခွင့်

၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့
အက်တမ် (ATOM) တစ်နှစ်ပြည့် နှစ်ပတ်လည်အကြောင်း စာတိုကို လက်ခံရရှိပြီး တစ်နာရီအတွင်း ဒေတာ 200 MB အခမဲ့ အသုံးပြုခွင့်

အက်တမ် (ATOM) အသုံးပြုသူ Business Customer များအတွက် ပိုမိုသာလွန်ကောင်းမွန်သည့် Beyond Better ဝန်ဆောင်မှုအစီအစဉ်များ – နှစ်ပတ်လည်အမှတ်တရအနေဖြင့် အက်တမ် (ATOM) က အသုံးပြုသူ Business Customer များကို ကျေးဇူးတင်သည့်အနေဖြင့် ကတ်၊ ကိတ်များပို့ပေးခြင်းအပြင် surprise လက်ဆောင်များကိုပါ ပေးအပ်သွားမည်ဖြစ်သည်။

စီးပွားရေးမိတ်ဖက်လုပ်ငန်းများနှင့် ပိုမိုသာလွန်ကောင်းမွန်သည့် Beyond Better လက်တွဲလုပ်ဆောင်မှုများ – အက်တမ် (ATOM) ၏ အရောင်းဆိုင်များတွင် နှစ်ပတ်လည်အမှတ်တရ အစီအစဉ်များကို အက်တမ် (ATOM) မှ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး လက်တွဲလုပ်ဆောင်လျက်ရှိသော မိတ်ဖက်လုပ်ငန်းများကိုလည်း နှစ်ပတ်လည်လက်ဆောင်များ ပေးအပ်သွားမည် ဖြစ်သည်။

ရောင်ပြန်မေတ္တာ အက်တမ် (ATOM) ၏ စေတနာ ၂.၀ – အက်တမ် (ATOM) သည် မကြာသေးမီအချိန်က ဆိုင်ကလုန်း မိုခါဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ် (Humanitarian Care & Rehabilitation Programme) ကို မိတ်ဆက်ပေးခဲ့ပြီး မတည်ငွေ မြန်မာငွေ သိန်းပေါင်း (၂,၁၂၀) ကျပ် ကို ပထမလှူဒါန်းမှုအစီအစဉ်အဖြစ် ထောက်ပံ့ကူညီခဲ့ပါသည်။ ဆက်လက်ပြီး အက်တမ် (ATOM) အနေဖြင့် မုန်တိုင်းဒဏ်ကြုံတွေ့ခံစားခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၊ အကူအညီလိုအပ်သူများကို ကူညီထောက်ပံ့မှုများနှင့် လူမှုအသိုက်အဝန်းများ ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ကူညီပေးခြင်းများကို တက်ကြွစွာ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

အက်တမ် (ATOM) သည် ပညာရေး နှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း ဦးတည်ချက်ဖြင့် မန္တလေးနှင့် နေပြည်တော်တို့တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ကျောင်း (ICT Lab) တစ်ကျောင်းစီကို ၂၀၂၃ ခုနှစ် ဇွန်လတွင် လှူဒါန်းသွားမည် ဖြစ်သည်။ ယခုနှစ်တွင် အက်တမ် (ATOM) အနေဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ကျောင်းများကို မပြည့်စုံသော စာသင်ကျောင်း လေးကျောင်းတွင် လှူဒါန်းခဲ့ပြီး စုစုပေါင်း မြန်မာငွေ သိန်းပေါင်း (၅၈,၃၁၉,၂၀၀) ကျပ်ကျော်ကို လှူဒါန်းပေးအပ်ခဲ့ပြီးဖြစ်သည်။ ယခုကဲ့သို့ ပညာရေးအတတ်သင်ကျောင်းများကို လိုအပ်သည့် နည်းပညာအထောက်အပံ့များ ပေးအပ်ခြင်းသည် နည်းပညာခေတ်တွင် ကျောင်းသားကျောင်းသူများ လိုအပ်သောနည်းပညာသုံးပစ္စည်းများ အသုံးပြုတတ်ရန်နှင့် အဆင့်မီပညာရေးကို သင်ကြားတတ်မြောက်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ထို့အပြင် အက်တမ် (ATOM) သည် ဝန်ထမ်းများအား “Beyond Better Together as One Team” ဆိုသည့် ဆောင်ပုဒ်နဲ့အညီ ဂုဏ်ပြုပွဲများ ကျင်းပပေးခြင်းများအပြင် အက်တမ် (ATOM) ၏ လူမှုကွန်ရက်များမှ တဆင့် အများပြည်သူနှင့် အသုံးပြုသူ customer များကို ယခင်တစ်နှစ်တာတလျှောက်လုံးမှ အက်တမ် (ATOM) အမှတ်တရများကို မျှဝေပေးသွားမည်ဖြစ်သည်။ ထပ်မံ သိရှိလိုသည်များကို http://www.facebook.com/ATOMOfficialPage တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top