vivo ၏နောက်ဆုံးထွက် V29 5G အား မြန်မာနိုင်ငံတွင် ၁,၃၉၉,၈၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်

9.10.23-yyl-13.jpg

ဈေးကွက်ရှေ့ဆောင်နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သော vivo သည် အကောင်းဆုံးသော စမတ်ဖုန်း နည်းပညာဖြင့် ခေတ်သစ်တစ်ခုကို စတင်မိတ်ဆက်ရန် ရည်ရွယ်ပြီး vivo V29 5G အား မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၇ ရက်နေ့မှစတင်ကာ ၁,၃၉၉,၈၀၀ ကျပ်ဖြင့် ရောင်းချနေပါပြီ။ vivo မှ ၎င်းတို့၏ ထုတ်လုပ်ခဲ့သည့်စမတ်ဖုန်းတိုင်းကို ပြိုင်ဘက်ကင်းပြီး သုံးစွဲသူစိတ်တိုင်းကျ အတွေ့အကြုံအား ပေးစွမ်းနိုင်ရန် တစ်စိုက်မတ်မတ် လုပ်ဆောင်လျက်ရှိသည်။ ယခုအသစ်ထွက်ရှိထားသော vivo V29 5G တွင် အရည်အသွေးကောင်းမွန်သော ဓါတ်ပုံများ ဖန်တီးနိုင်ရန် Smart Aura Light Portrait ဖြင့်ရိုက်ကူးနိုင်ပြီး 120 Hz 3D Curved Screen ဖြင့် ရုပ်ထွက်ကောင်းမွန်စေကာ 80W FlashCharge ဖြင့် စွမ်းဆောင်ရည်မြင့်သော လုပ်ဆောင်ချက်လည်း ထည့်သွင်းပေးထားသည်။

ယခုလက်ရှိတွင် စမတ်ဖုန်းအား ၁,၃၉၉,၈၀၀ ကျပ်ဖြင့် vivo အရောင်းစင်တာများနှင့် Ecommerce Platforms များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ ဝယ်ယူသူများအနေဖြင့်လည်း မေတ္တာလက်ဆောင်အနေဖြင့် Power Bank 10000 mAh ကို လက်ဆောင် ရရှိနိုင်မည်ဖြစ်သည်။

စွဲမက်ဖွယ်ရာ vivo V29 5G ကို Peak Blue နှင့် Nobel Black အရောင်များရရှိနိုင်ပြီး ဆန်းသစ်သော 3D သံလိုက်အမှုန်အမွှားနည်းပညာကို အသုံးချကာ Fluorite AG Glass အား အသုံးပြုထားသည်။ vivo သည် Supermoon Mode, Food Mode, Super Night Video နှင့် Super Group Video များထည့်သွင်းထားပြီး ဓါတ်ပုံပညာနှင့် ဗီဒီယို ပညာရပ်များအား အဆင့်မြှင့်တင်ကာ သုံးစွဲသူများအား ပြီးပြည့်စုံသော အမှတ်တရများကို ဖန်တီးနိုင်စေရန် ရည်ရွယ် ထုတ်လုပ်ထားသည်။ Smart Aura Light ပုံရိပ်သည် ဓာတ်ပုံပညာ၏ အရည်အသွေးကို မြှင့်တင်ပေးပြီး ၊ အလင်းရောင် အခြေအနေများကြောင့် ပြောင်းလဲမှုမရှိဘဲ တောက်ပသောနေ့ အလင်းရောင်တွင်ဖြစ်စေ အလင်းရောင် မရရှိသော နေရာတွင် ဖြစ်စေ၊ အရည်အသွေး မြင့်မားပြီး သဘာဝ ကျသော ဓာတ်ပုံများ ကို ဖန်တီးနိုင်စွမ်းရှိသည်။ The 50 MP OIS Ultra-Sensing Camera က ပုံထွက်ကောင်း မွန်စေပြီး studio-like aura lighting effects ကြောင့် ပိုမိုလှပတဲ့ ဓါတ်ပုံများကို ရရှိစေသည်။

2800 x 1260 ကို ပြသထားသည့် 120 Hz 3D Curved Screen သည် သုံးစွဲသူများအတွက် နှောင့်နှေးခြင်းမရှိဘဲ content များ၊ app လဲလှယ်ခြင်း၊ ဂိမ်းများ၊ လူမှုဆက်သွယ်ရေးကွန်ရက်များအတွက် အဆက်မပြတ် အသုံးပြုနိုင်သည့် ခံစားနိုင်မှုအတွေ့အကြုံတစ်ခု ပေးထားသည်။ Qualcomm Snapdragon® 778G processor ၏ စွမ်းဆောင်နိုင်သည့် လုပ်ဆောင်မှုတွေကြောင့် သုံးစွဲသူတွေအနေနှင့် စမတ်ဖုန်းကို အကြိုက်တွေ့စေသည်။ 80W FlashCharge ပါရှိသော vivo V29 5G နှင့်အတူ အမြဲသွားလာနေသော အသုံးပြုသူများအတွက် လွယ်ကူလျင်မြန်သည့်အတွေ့အကြုံကို ရရှိစေနိုင်သည်။ အလုပ်များသော အလုပ်ရက်တစ်ရက်အတွက် vivo V29 5G က လုပ်ငန်းများကို စီမံခန့်ခွဲရာတွင် ထိရောက်မှုတိုးမြှင့်ပေးခြင်းဖြင့် နှောင့်နှေးမှုမရှိဘဲ ဖုန်းဖြင့်အလုပ်များစွာပြီးမြောက်နိုင်စေရန် RAM 3.0 အထိ တိုးမြှင့်ပေးနိုင်သည်။

vivo V29 5G သည် စမတ်ဖုန်း နည်းပညာတွင် အခန်းအသစ်တစ်ရပ်ကို ပုံဖော်ထားပြီး၊ အလှအပ၊ ကင်မရာ၊ စွမ်းဆောင်ရည်နှင့် ဆန်းသစ်တီထွင်မှုများတွင် ပြိုင်ဘက်မရှိသော ပေါင်းစပ်တီထွင်မှု တစ်ခုကို ပေးစွမ်းသည်။ လူ အများ၏ချီးကျူးခံရသော V စီးရီး၏ အသစ်ထွက်ရှိမှုကို ၊ အစဉ်အလာအတိုင်း ဆန်းသစ်တီထွင်မှုဖြင့် ဖန်တီးထုတ်လုပ် ထားသည်။ စမတ်ဖုန်းဈေးနှုန်းကို ပြန်လည်သတ်မှတ်ထားသည့် အခြေခံအသွင်အပြင်များနှင့် V 29 5G သည် နောက်ဆုံးပေါ် နည်းပညာ၏ အံ့ဩစရာတစ်ခုပင် ဖြစ်သည်။ ဤကဲ့သို့အလွန်ကောင်းမွန်သော စမတ်ဖုန်းသည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ဝင်ရောက်လာပြီး အောက်တိုဘာလ ၇ ရက်နေ့မှစတင်ကာ ၁,၃၉၉,၈၀၀ ကျပ်ဖြင့် စတင်ဝယ်ယူနိုင်ပြီဖြစ်သည်။

vivo အကြောင်း
vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများကို စီးပွားရေး ဝန်ဆောင်မှုများကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ vivo သည် သုံးစွဲ သူများနှင့် ဒစ်ဂျစ်တယ် ကမ္ဘာအကြား တံတားသဖွယ် ဆောင်ရွက်ပေးမည့် နည်းပညာကို ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။ vivo ၏ ဆန်းသစ် တီထွင်မှုများမှတစ်ဆင့် သုံးစွဲသူများအတွက် အဆင်ပြေစေမည့် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် လူနေမှုပုံစံကို ပေးစွမ်းနိုင်ခဲ့သည်။ Benfen*၊ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်း၊ စဉ်ဆက်မပြတ် လေ့လာမှုနှင့် အသင်းအဖွဲ့ စိတ်ဓာတ်များသည် ကုမ္ပဏီ၏ အဓိကအလေးထားလိုက်နာရသည့် အချက်များဖြစ်ပြီး vivo သည် ရေရှည် တည်တံ့ခိုင်မြဲသည့် ဗဟာဗျူဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

အကောင်းဆုံးသော ဒေသခံမှ ကျွမ်းကျင်သူအသစ်များကို အမြဲမပြတ် ရှာဖွေရင်း vivo သည် အသုံးပြုသူများအတွက် 5G၊ Artificial intelligence၊ စက်မှုဒီဇိုင်း၊ ကင်မရာ စသည့် နည်းပညာအပါအဝင် အသစ်သစ်သော ခေတ်မီဆန်းသစ်သည့် နည်းပညာများစွာကို တီထွင်နိုင်ရန် အတွက် Shenzhen၊ Dongguan၊ Nanjing၊ Beijing၊ Hangzhou၊Shanghaiနှင့် Xi’an ဒေသရှိ သုတေသန ဖွံ့ဖြိုးရေးစင်တာ တို့နှင့် ဖွဲ့စည်းထားသည်။ တရုတ်၊ တောင်နှင့် အရှေ့တောင်အာရှများနှင့် အခြားဒေသများတွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော် ထုတ်လုပ်သည့် ထုတ်လုပ်ရေးဌာန (ကုန်အမှတ်တံဆိပ် ခွင့်ပြုထားသော ကုန်ထုတ်လုပ်မှုစင်တာအပါအ၀င်) ကို တည်ထောင်ခဲ့သည်။ ယခုအချိန်တွင် vivo သည် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်တွင် ၎င်း၏ ရောင်းအားကွန်ယက်ကို ချဲ့ထွင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူသန်း ၄၀၀ ကျော် ရှိနေပြီဖြစ်သည်။

*”Benfen” သည် မှန်ကန်သောအရာများကို လုပ်ဆောင်ခြင်းနှင့် မှန်ကန်စွာလုပ်ဆောင်ခြင်းဟူသည့် သဘောထားကို ဖော်ပြသည့် အသုံးအနှုန်းဖြစ်ပြီး ကောင်းမွန်သည့် နည်းပညာများကို တီထွင်မည်ဆိုသည့် vivo ၏ ခံယူချက်ကို အကောင်းဆုံး ဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။

vivo ၏ နောက်ဆုံးသတင်းများကို https://www.vivo.com/en/about-vivo/news တွင် ဖတ်ရှုနိုင်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top