Huawei မှ စတိုင်ကျပြီး စမတ်ဖြစ်သည့် နောက်ဆုံးပေါ် Flagship စမတ်နာရီ HUAWEI WATCH GT 4 ကို မိတ်ဆက်

9.10.23-yyl-6.jpg

Huawei Consumer Business Group (CBG) သည် Huawei ၏ နောက်ဆုံးပေါ် ပရီမီယမ်ဖက်ရှင်စမတ်နာရီဖြစ်သည့်HUAWEI WATCH GT 4 ကို မိတ်ဆက်လိုက်သည်။ နာရီချစ်သူများနှင့် နည်းပညာစိတ်ဝင်စားသူများအနေဖြင့် နောက်ဆုံးပေါ်နည်းပညာများဖြင့် Wearable နည်းပညာများ၏ အနာဂါတ်တီထွင်မှုကို စမ်းသပ်အသုံးပြုနိုင်မည့် အထူးအခွင့်အရေးကို ရရှိမည်ဖြစ်သည်။

HUAWEI WATCH GT 4 သည် ကျန်းမာကြံ့ခိုင်ရေးလုပ်ဆောင်ချက်အစုံအလင်ပါဝင်ပြီး ဒီဇိုင်းပိုင်းတွင် အဆင့်မြင့်တင်ထားသည့် နောက်ဆုံးပေါ် WATCH GT Flagship Series ဖြစ်သည်။ 46mm နှင့် 41mm ဟူ၍ အရွယ်အစား ၂ မျိုးမိတ်ဆက်ထားပြီး သာမာန် GT Series ဒီဇိုင်းများမှကွဲထွက်ကာ ဖက်ရှင်ပိုင်းတွင်ပိုမိုအသားပေးထားပြီး အရင်ထွက်ရှိခဲ့သည့် GT Series များ၏ မော်ဒန်အလှတရားများကို ဆက်လက်ထိန်းသိမ်းထားသလို ဆန်းသစ်တီထွင်ထားသော ဒီဇိုင်းများအားမိတ်ဆက်ထားသည်။

သင့်စိတ်ကြိုက်စတိုင်အားရွေးချယ်လိုက်ပါ
HUAWEI WATCH GT 4 series မှ နေ့စဉ် ကျန်းမာရေးနှင့် အားကစားပြုလုပ်ရာတွင် အားကစားနှင့် ကျန်းမာရေးသာမက စတိုင်ကျလှပစေသော အဆင့်မြင့်စမတ်နာရီအသုံးပြုမှုအတွေ့အကြုံများကိုရှာဖွေနေသည့် အသုံးပြုသူများအတွက် ရွေးချယ်စရာတစ်ခုဖြစ်စေပါသည်။
HUAWEI WATCH GT 4 (46mm) သည် ခိုင်ခံ့ကျစ်လစ်သည့် ပြင်ပကိုယ်ထည်နှင့် အဋ္ဌဂံပုံစံ ဒိုင်ခွက်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားပြီး HUAWEI WATCH GT 4 (41mm) အား အဖိုးတန်လက်ဝတ်ရတနာကဲ့သို့ ပါးလွှာပြီး ကျော့ရှင်းလှပသည့် ဆွဲသီးပုံစံ ဒီဇိုင်းထုတ်လုပ်ထားသည်။ ထို့ပြင် အသုံးပြုသူများအနေဖြင့် HUAWEI Watch Face Store မှ Huawei နှင့် အခြား Third-party နာရီမျက်နှာပြင် ၂၅,၀၀၀ ကျော်အား ရွေးချယ်အသုံးပြုနိုင်ပါသည်။

သင့်လက်ကောက်ဝတ်မှတစ်ဆင့် ကျန်းမာရေးအား ထိန်းချုပ်ပါ
သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုများအား (Research & Development) ၈ နှစ်ဆက်တိုက် စဉ်ဆက်မပြတ်ပြုလုပ်ခဲ့မှုနှင့် အတူ HUAWEI WATCH GT 4တွင်Huawei မှ အတွင်းကျကျ လေ့လာမှုနည်းလမ်းများပေါ် အခြေခံထားသော multi-channel signal enhancement algorithm ပါဝင်သည့် TruSeenTM 5.5+ ကျန်းမာရေးညွှန်ပြ စောင့်ကြည့်မှုနည်းပညာအားတိုးမြင့်တီထွင်ထားပါသည်။ အကျိုးဆက်အနေဖြင့် အပူချိန်နိမ့်သည့် ပတ်ဝန်းကျင် (သို့မဟုတ်) ပြင်းထန်သော လေ့ကျင့်ခန်းများ (ဥပမာ-ပြေးခြင်း၊ ကြိုးခုန်ခြင်း) တို့ပြုလုပ်နေစဉ်တွင်ပင် နှလုံး ကျန်းမာရေးနှင့်ပတ်သက်၍ ၃၀% ပိုမိုတိကျသော အချက်အလက်များရရှိစေပါသည်။

ထို့ပြင် အိပ်ချိန်စက်ဝန်းနှင့်ပတ်သက်ပြီး ပိုမိုသတိထားမိစေရန် အဆင့်မြင့်တင်ထားသော TruSleepTM 3.0 အားလည်း မိတ်ဆက်ထားသည်။ ယခုအသစ်အဆင့်မြင့်တင်ထားသော version 3.0 တွင် အိပ်ချိန်စက်ဝန်းကို ပိုမိုနားလည်စေရန်နှင့် အိပ်စက်ခြင်းအလေ့အထများကို ချိန်ညှိနိုင်စေရန်ကူညီပေးပြီး အိပ်နေစဉ်တွင် မူမမှန်သောအသက်ရှုခြင်းများကို စစ်ဆေးပေးနိုင်သည့် Sleep Breathing Awareness Feature လည်းထည့်သွင်းထားသည့်အတွက် အိပ်နေစဉ်အတွင်း အသက်ရှုကျန်းမာရေးနှင့်ပတ်သက်သော အချက်အလက်များကိုလည်း သိရှိနိုင်သည်။

HUAWEI WATCH GT 4 တွင် အမျိုးသမီးများ၏ ဓမ္မတာစက်ဝန်းအား ခန့်မှန်းနိုင်ရန် အိပ်နေစဉ် နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် အပူချိန်၊ အသက်ရှုနှုန်း နှင့် အခြားအချက်အလက်များကဲ့သို့ အသုံးပြုသူ၏ ခန္ဓာကိုယ်ရည်ညွှန်းချက်များအား အလိုအလျောက် ခွဲခြမ်းစိတ်ဖြာပြီးလေ့လာနိုင်သည့် Menstrual Cycle Management 3.0 အားလည်း ထပ်မံအဆင့်မြင့် ထည့်သွင်းထားသည်။

HUAWEI WATCH GT 4 မှ TruSeenTM 5.5+ နည်းပညာသစ်ဖြင့် ပိုမိုကောင်းမွန်စေရန် ထောက်ပံ့ထားပြီး ပိုမိုတိုးတက်လာသော Activity Rings နှင့် အဆင့်မြင့်တင်ထားသော GNSS tracking တို့ဖြင့် စမတ်နာရီနှင့် လေ့ကျင့်ခန်းအတွေ့အကြုံများအား အကောင်းဆုံးအဆင့်မြင့်တင်ပြောင်းလဲပေးထားသည်။

အသုံးပြုသူများအနေဖြင့် ကယ်လိုရီလောင်ကျွမ်းမှုပမာဏ၊ လေ့ကျင့်ခန်းပြုလုပ်မှုကြာချိန်၊ မတ်တပ်ရပ်စဉ်လှုပ်ရှားမှုများ စသည့် နေ့စဉ်လေ့ကျင့်ခန်းအချက်အလက်များကို Activity Rings feature တွင် တစ်ပြိုင်နက်ကြည့်ရှုနိုင်ပြီး Activity Ring ၃ခုလုံးပြည့်ပါက ဆုအနေဖြင့် medal ရရှိမှာဖြစ်သည်။ ထို့ပြင် လက်ရှိခေတ်စားနေသည့် Padel tennis သာမက e-sports တို့အပါအဝင် အားကစားအမျိုးအစားပေါင်း ၁၀၀ ကျော်ကိုရွေးချယ်နိုင်ပါသည်။

HUAWEI WATCH GT 4 နှင့် ချောမွေ့စွာချိတ်ဆက်အသုံးပြုပြီး၊ ကျစ်လစ်ကျန်းမာစွာနေထိုင်ကာ သင့်နေ့ရက်များကို ရိုးရှင်းစွာ ဖြတ်သန်းလိုက်ပါ
HUAWEI WATCH GT 4 သည် အချိန်ကြည့်နိုင်ရုံတစ်ခုတည်းအတွက်သာမဟုတ်ဘဲ ပိုမိုစမတ်ဖြစ်ပြီး အဆင့်မြင့်သော နေထိုင်မှုပုံစံရဲ့သော့ချက်လည်းဖြစ်ပါသည်။ ကြံ့ခိုင်ရေးခရီးစဉ်ရဲ့ လှုံ့ဆော်သူ၊ လူမှုပတ်ဝန်းကျင်အကြားချိတ်ဆက်သူ၊ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် အလုပ်တွင်စေသူ၊ ပလက်ဖောင်းမျိုးစုံ၊ Device မျိုးစုံနှင့်ချိတ်ဆက်ကာ ပေါင်းကူးပေးနိုင်သူအနေဖြင့် လုပ်ဆောင်ပေးနိုင်ပါသည်။

HUAWEI WATCH GT 4 သည် iOS နှင့် Android နှစ်မျိုးလုံးဖြင့် အဆင်ပြေချောမွေ့စွာချိတ်နိုင်ပြီး ကိုယ်ရေးကိုယ်တာအချက်အလက်များ၏ လုံခြုံမှုကို စိတ်ပူစရာမလိုဘဲ ကြိုက်နှစ်သက်ရာ Ecosystem အားရွေးချယ်၍ လိုက်လျောညီထွေစွာအသုံးပြုနိုင်သည့်အတွက် ချိတ်ဆက်နိုင်မှုနှင့်ပတ်သက်၍ စိုးရိမ်စရာလိုတော့မည်မဟုတ်ပါ။ ကိုယ်ရေးကိုယ်တာအချက်အလက်များမှာလည်း လုံခြုံစိတ်ချရပြီး နောက်ဆုံးပေါ်နည်းပညာများအား စိတ်ချလက်ချ အသုံးနိုင်မည်ဖြစ်သည်။
ထို့ပြင် HUAWEI WATCH GT 4 သည် ဈေးကွက်တွင်းရှိ အလားတူပစ္စည်းများထက် ပိုမိုကောင်းမွန်သော ဘက်ထရီပါရှိပြီး HUAWEI WATCH GT 4 46mm ၏ ဘက်ထရီသည် ၁၄ ရက်အသုံးခံပြီး 41mm သည် ၇ ရက်အသုံးခံသည့်အတွက် လိုအပ်သည့်အချိန်တိုင်းတွင် အဆင့်သင့်ဖြစ်နေမည်ဖြစ်သည်။

HUAWEI WATCH GT 4 ကို 46mm နှင့် 41mm မျိုးအစားတို့ဖြင့်ရရှိနိုင်ပြီး 46mm ကြိုးများအတွက် Brown Leather Strap (အညိုရောင်)၊ Green Composite Strap (အစိမ်းရောင်)တို့အား မြန်မာကျပ် ၆၃၉,၀၀၀ ဖြင့်လည်းကောင်း၊ 46mm, Grey Stainless Steel Strap (ငွေရောင်)ကြိုးအား မြန်မာကျပ် ၈၉၉,၀၀၀ ဖြင့်လည်းကောင်း၊ 41mm, White Leather Strap (အဖြူရောင်)အား မြန်မာကျပ် ၆၃၉,၀၀၀ ဖြင့်လည်းကောင်း အောက်တိုဘာလ (၇) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့အထိ Pre-order မှာယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူသူများအနေဖြင့် Bluetooth Speaker (အရေအတွက်အကန့်အသတ်ဖြင့်သာ) လက်ဆောင်ရရှိမည်ဖြစ်ကြောင်းသိရသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top