သတင်းအတု ဖော်ပြမှုနဲ့ သတင်းခိုးယူမှုတွေ ပြုလုပ်နေတဲ့ မြန်မာ အွန်လိုင်း မီဒီယာများ စာရင်းကို ထုတ်ပြန် ကြေညာ

mmmedia.jpg

သတင်းအတုတွေဖော်ပြမှုနဲ့ သတင်းခိုးယူမှုတွေပြုလုပ်နေတဲ့ အွန်လိုင်းမီဒီယာများစာရင်း

သတင်းအတုတွေကို ဖော်ပြနေတဲ့အပြင် သတင်းခိုးယူမှုတွေပါ ပြုလုပ်နေတဲ့ အွန်လိုင်း ဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာ ပေ့ခ်ျတွေကို စောင့်ကြည့်စိစစ်ကာ စာရင်းထုတ်ပြန်သွားမယ့်အကြာင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တရားဝင် ကြေညာလိုက်ပါတယ်။

“မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တတိယအကြိမ်မြောက် မဏ္ဍိုင် (၄) ရပ်အလုပ်ရုံဆွေးနွေးပွဲ” မှာ သဘောတူညီခဲ့ကြတဲ့ အချက် (၁၃) ချက်ထဲက (၁၀) ခုမြောက် သဘောတူညီချက်မှာလည်း “သတင်း အတု/အမှားတွေ ရေးသား ဖြန့်ဖြူးနေခြင်းကို သတင်းမီဒီယာတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စိစစ်ဖော်ထုတ်ပြီး ပြည်သူလူထုကို အသိပေးဖို့လိုအပ်တယ်” ဆိုတဲ့အချက် ပါဝင်နေပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဟာ ဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာပေ့ခ်ျတွေကို ပုံမှန်စောင့်ကြည့်ပြီး သတင်း ခိုးယူဖော်ပြနေတဲ့ ဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာပေ့ခ်ျများစွာကို တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီနေ့မှာလည်း ဒုတိယအကြိမ်အဖြစ် ပြုစုရရှိထားတဲ့ အွန်လိုင်းမီဒီယာများစာရင်းကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒီနေ့ ထုတ်ပြန်လိုက်တဲ့စာရင်းမှာ ပရိသတ် အခိုင်အမာရှိပြီးဖြစ်တဲ့ နာမည်ကြီး အွန်လိုင်းမီဒီယာ (၂) ခု ပါဝင်လာခဲ့တာကို အံ့အားသင့်ဖွယ် တွေ့ရပြီး ကျင့်ဝတ်နဲ့မညီတဲ့ အွန်လိုင်းမီဒီယာ အအတုအယောင် အများအပြား ပါဝင်နေပါတယ်။ သတင်းမီဒီယာကောင်စီအနေနဲ့ အွန်လိုင်းမီဒီယာတွေကို ဆက်လက်စောင့်ကြည့် စိစစ်သွားမှာဖြစ်ပြီး တတိယမြောက် စာရင်းကိုလည်း မကြာခင် ဆက်လက် ကြေညာပေးသွားမယ်လို့ သိရပါတယ်။

Ref: မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top