ရင်ဘတ်မှာချစ်သူရဲ့မျက်လုံးပုံ တက်တူးထိုးထားတဲ့ Zayn Malik

z.png

ပရိသတ်တွေက ကြာရှည်လက်တွဲစေချင်တဲ့ စုံတွဲစာရင်းမှာ Zayn Malik နဲ့ Gigi Hadid တို့လည်းပါပါတယ်။ ဒီလိုမျိုးဖြစ်စေတဲ့ အကြောင်းရင်းလည်းရှိပါတယ်။ တက်တူးအထိုးများတဲ့ Zayn က သူ့ရဲ့ ကောင်မလေးအတွက် နှစ်မြှုပ်ပြီး သူ့ရဲ့အချစ်ကို တက်တူးတစ်ခုနဲ့ဖော်ပြလိုက်ပါတယ်။

အခုခေတ်မှာ တစ်ယောက်ရဲ့ကိုယ်မှာတစ်ယောက်နာမည် အပြန်အလှန်တက်တူးထိုးပြီး အချစ်ကို ခိုင်မြဲအောင်လုပ်ကြတာ က ချစ်သူတွေအတွက် မဆန်းတဲ့အရာပါ။ မကြာသေးမီက အမေရိကန်ရပ်ပါ Offset ကသူ့ရဲ့ချစ်သူ Cardi B နာမည်တက်တူးထိုးခဲ့သလို အမေရိကန်အဆိုတော် ၊ ဒီဂျေသမားဖြစ်တဲ့ Paris Hilton ရဲ့ ခင်ပွန်းလောင်း Chris Zylka ကလည်း သူမရဲ့နာမည်ကို တက်တူးထိုးခဲ့ပါတယ်။ တခြားသူတွေနဲ့မတူဘဲ သူရဲ့ချစ်ခင်မှုအတိုင်းအတာကို ပိုမြင့်မားကြောင်း Zayn က ဘယ်လိုပြသခဲ့လဲဆိုတာကြည့်ရအောင်..။

တကယ်တော့ Zayn တက်တူးထိုးခဲ့တာက Gigi နာမည် အပြည့်အစုံမဟုတ်သလို နာမည် အစ စာလုံးတွေလည်း မဟုတ်ပါဘူး။ သူ့ရဲ့နှလုံးသားထဲမှာ တစ်နေရာစာယူထားတဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ Gigi ရဲ့မျက်ဝန်းတစ်စုံပါ။ Zayn ရဲ့ ပုံကို ရှေ့တိုးနောက်ဆုတ်လှုပ်ရှား ဗီဒီယိုပုံစံလေး (Boomerang video) နဲ့Gigi တင်လိုက်တဲ့အခါ ပရိသတ်တွေက သူတို့လုံးဝမလွဲလောက်တဲ့ Gigi ရဲ့ မျက်လုံးပုံကို Zayn ရင်ဘတ်မှာ တတ်တူးထိုးထားတာ တွေ့သွားပါတယ်။

တင်ပါးကိုရှေ့တိုးနောက်ခါလုပ်နေတဲ့ Zayn ရဲ့ဗီဒီယိုကို အဖြူ-အမည်း ကာလာ သုံးပြီး “birthday boogie”ဆိုတဲ့ caption နဲ့ Gigi တင်လိုက်တာပါ။ ဗီဒီယိုထဲမှာ Zayn က အောက်ခံရှပ်အင်္ကျီမပါဘဲ ဂျပ်ကတ် အင်္ကျီဝတ်ထားပါတယ်။ ဒါကြောင့် သူ့ရင်ဘတ်က တက်တူးကို ပရိသတ်တွေ မြင်နိုင်တာပါ။

Zayn ရဲ့ဂီတလမ်းကြောင်းနှင့် Gigi ရဲ့ မော်ဒယ် လမ်းကြောင်းနှစ်ခု ပေါင်းစပ်ချိန်မှာ သူတို့နှစ်ယောက်က ပြောစရာမလိုအောင် လိုက်ဖက်ညီပါတယ်။ Zayn ရင်ဘတ်ကတက်တူးကြောင့်လည်း ပရိသတ်တွေက Zaynနဲ့Gigi ကြာရှည်လက်တွဲခိုင်မြဲမယ်လို့ ယုံကြည်သွားစေပါတယ်။
Ref: Gigi Hadid certainly can’t get enough of Zayn Malik’s new chest tattoo
May Moe(ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top