လက်သည်းအရှည်မြန်စေသည့် နည်းလမ်းလေးများ

group-of-diverse-women-painting-their-nails-PRUDSPK.jpg

ကိုယ်လိုချင်တဲ့ လက်သည်းအရှည်နဲ့ ကိုယ်လိုချင်တဲ့ လက်သည်းပုံစံကို အချိန်တိုအတွင်းမှာ ရရှိဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဆိုင်သွားပြီး လက်သည်းသွားဆက်ရင်တော့ ရတာပေါ့လေ။ ဒါပေမဲ့ ကိုယ့်အိမ်မှာပဲ လွယ်ကူတဲ့ နည်းလမ်းလေးတွသုံးပြီး သဘာဝအတိုင်း လက်သည်းရှည်လေးကို ရရှိနိုင်ဖို့ ပြောပြပေးပါမယ်နော်။

nail polish

Hardener

လက်သည်းများအပေါ်မှာ Hardener, base coat ဆိုးပေးခြင်းဖြင့် လက်သည်းကို ဂရုစိုက်ပေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ လက်သည်းလေးများ ကျိုးခြင်းမဖြစ်စေဘဲ လက်သည်းကို တောင့်တင်း မာကျောစေပါတယ်။ manicure ကို အပြည့်အဝ လုပ်ဆောင်ဖို့အတွက် အချိန်မရဘူး ဆိုရင်တော့ တစ်ပတ်တစ်ခါ polish coat ကိုတော့ သေချာပေါက် သုံးပေးသင့်ပါတယ်။ ဒါဟာ သင့်ရဲ့လက်သည်းများ အရှည်မြန်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

Moisturize

ရေဓာတ်

အသားအရေလိုပဲ လက်သည်းလေးများနှင့် လက်သည်းရင်းမှာရှိတဲ့ လက်သည်းရေ အမာရစ်လေးများဟာလည်း ရေဓာတ် လိုအပ်ပါတယ်။ ရာသီဥတုဟာ လက်သည်းများနှင့် အသားအရေပေါ်မှာ အဓိက အကျိုးသက်ရောက်စေပါတယ်။ ဒါကြောင့် ဆောင်းရာသီမျိုးမှာတော့ လက်သည်းလေးတွေကို ရေဓာတ်ဖြည့်တင်းပေးဖို့ မေ့သွားလည်း အကြောင်းမဟုတ်တော့ပါဘူး။

Acetone မပါဝင်ခြင်း

လက်သည်းဖျက်ဆေး ဝယ်တိုင်းမှာ ပါဝင်ပစ္စည်းတွေကို ကြည့်တတ်တဲ့အကျင့် သင့်မှာရှိပါသလား? မရှိဘူးဆိုရင်တော့ ကြည့်သင့်ပါပြီ။ Acetone ခေါ်တဲ့ ပါဝင်ပစ္စည်းဟာ လက်သည်းဖျက်ဆေးအများစုမှာ ပါဝင်တတ်ပါတယ်။ အဲဒီ Acetone က ဖျက်ရခက်တဲ့ အရာတွေအားလုံးကို အလွယ်တကူ ဖျက်ပေးပစ်နိုင်ပါတယ်။ တစ်ဖက်မှာလည်း လက်သည်းမှာရှိတဲ့ သဘာဝ အဆီတွေကိုလည်း ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့် Acetone မပါဝင်တဲ့ ဖျက်ဆေးမျိုးကို သုံးပေးသင့်ပါတယ်။

လက်အိတ်ဝတ်ဆင်ခြင်း

ပန်းကန်ဆေးခြင်း၊ ကြမ်းတိုက်ခြင်းစတဲ့ အိမ်မှုကိစ္စတွေ လုပ်တဲ့အခါမှာ လက်အိတ်ဝတ်သင့်ပါတယ်။ ကြမ်းပြင်ကို သန့်ရှင်းရာမှာ အသုံးပြုတဲ့ပစ္စည်းတွေဟာ အန္တရာယ်ရှိစေတဲ့ ဓာတုပစ္စည်းများ ပါဝင်တဲ့အတွက်ကြောင့် အဲဒီ ဓာတုပစ္စည်းတွေက သင့်လက်သည်းလေးတွေကိုလည်း မကောင်းတဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်စေပါတယ်။

လက်သည်းကိုက်ခြင်း

တချို့လူတွေဟာ လက်သည်းကိုက်တတ်တဲ့အကျင့် ရှိကြပါတယ်။ ဒီလို အကျင့်ရှိတယ်ဆိုရင်တော့ ချက်ချင်း ရပ်ပစ်သင့်ပါတယ်။ လက်သည်းဆိုးဆေးကောင်း သုံးပေးခြင်းဖြင့် ဒီလို လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ရှောင်ရှားနိုင်ပါတယ်။ လက်သည်းကိုက်တတ်တာ အမြင်အားဖြင့်တောင်မှ ကြည့်ရတာ အဆင်မပြေပါဘူး။

Ref : Beauty : 5 Ways To Grow Nails in No Time

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top