ဖလော်ရီဒါ တိုက်ခိုက်မှုမှာ သူငယ်ချင်းတွေကို ကာကွယ်ပေးခဲ့တဲ့ ဆယ်ကျော်သက် သူရဲကောင်းလေး

5a8ac8151e000046057ac1e2.jpg

ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသားတစ်ဦးဟာ ဖေဖော်ဝါရီ ၁၄ရက်နေ့တုန်းက ဖလော်ရီဒါမှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ ကျောင်းသား ၁၇ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပစ်ခတ်ခဲ့တဲ့ ကျောင်းသားဟာလည်း အသက် ၁၉နှစ်သာ ရှိသေးတဲ့ လူငယ်ပဲဖြစ်ပါတယ်။ အားလုံးကလည်း ရုတ်တရက်ဖြစ်လာခဲ့တဲ့ ကံဆိုးမိုးမှောင်ကျမှုကြောင့် ဝမ်းနည်းမဆုံး ရှိခဲ့ကြပါတယ်။

အသက် ၁၅နှစ်သာရှိသေးတဲ့ အန်သိုနီဘော့ခ်ျ (Anthony Borges) လို့ခေါ်တဲ့ လူငယ်လေးဟာ သူ့အတန်းဖော်တွေကို ကျည်ဆန်တွေဆီကနေ ကာကွယ်နိုင်ဖို့ သူ့ခန္တာကိုယ်ကို ဒိုင်းသဖွယ် အသုံးပြုပြီး တတ်သလောက် ကာကွယ်ပေးခဲ့ပါတယ်။ ဒီအတွက် သူဟာ အချက်တော်တော်များများ အပစ်ခံခဲ့ရပါတယ်။ သူ့အတန်းဖော်တစ်ဦးဖြစ်တဲ့ ရိုဒရီဂါ့ (Rodriguez) ရဲ့ ပြောဆိုချက်အရ အန်သိုနီလို ဘယ်သူမှ မလုပ်နိုင်ပါဘူး။ တခြားသူတွေ အသက်ဘေးအတွက် ပြေးလွှားနေရချိန်မှာ အန်သိုနီဟာ အတန်းဖော်တွေကို ရဲရဲဝံ့ဝံ့ ကာကွယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအချိန်တုန်းက ကျောင်းသား အယောက် ၂၀လောက်ဟာ သေနတ်သမား မြင်မြင်ရာပစ်ခတ်နေရာကနေ ရှောင်လွှဲဖို့ ဝရုန်းသုန်းကား ပြေးနေကြရပါတယ်။ အန်သိုနီကတော့ တံခါးပေါက်ကနေ ပိတ်ရပ်ပြီး အထဲကို သေနတ်သမား မဝင်နိုင်အောင် သူပဲရှေ့က အပစ်ခံခဲ့ပါတယ်။ အခန်းထဲက သူ့အခန်းဖော်တွေ တစ်ယောက်မှ ဒဏ်ရာမရခဲ့ကြပါဘူး။ သူဟာ ကျောကုန်းနဲ့ ခြေထောက်နှစ်ချောင်းလုံးမှာ အပစ်ခံထားရပါတယ်။

အခုအခါမှာတော့ စိတ်ချရတဲ့အခြေအနေအထိ ပြန်လည်သက်သာလာပြီလို့ အန်သိုနီရဲ့ဖခင်ဖြစ်သူ ရွှိင်ရာဘော့ခ်ျ (Royer Borges) က ABC Newsကို ပြောပါတယ်။ ခရိုင်ရဲမှူးကလည်း လာရောက်အားပေးခဲ့ပါတယ်။ GoFundMe ဆိုတဲ့ page တစ်ခုကလည်း အန်သိုနီကုသစရိတ်အတွက် ဒေါ်လာ၈သောင်း လှူဒါန်းပေးခဲ့ပါတယ်။ ဒီလူငယ်လေးကို ချီးကျူးတဲ့စာသားလေးတွေဟာလည်း Facebook နဲ့ Twitter မှာ ပျံ့နှံ့လို့နေပါတယ်။

Ref: Huffpost: Teen Hero Used Body As A Shield During Florida School Shooting

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top