တရုတ်နိုင်ငံမှာ ကျောင်းသားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား ရေလှောင်တမံထဲ ထိုးကျလို့ အနည်းဆုံး လူ ၂၁ ယောက် သေဆုံး

8-7-2020-yyl-006.jpg

တရုတ်နိုင်ငံမှာ ဘတ်စ်ကားတစ်စီး ရေလှောင်တမံထဲ ထိုးကျခဲ့တဲ့ဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၂၁ ယောက် သေဆုံးခဲ့ပြီး လူ ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ကွေ့ကျိုးပြည်နယ်၊ အန်ရွှန်းမြို့က တံတားတစ်စင်းပေါ်မှာ မောင်းနှင်နေတုန်း အရံအတားတွေကို ဝင်တိုက်ပြီး ရေလှောင်တမံထဲကို ဘတ်စ်ကား ထိုးကျခဲ့တာပါ။ ကောင်းခေါင်(gaokao) တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတွေလည်း အဲဒီဘတ်စ်ကားပေါ်မှာ လိုက်ပါလာကြတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ ယာဉ်မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေတုန်းပါပဲ။

ဒီဖြစ်ရပ်မှာ သေဆုံးခဲ့တဲ့ ဘတ်စ်ကားယာဉ်မောင်းဟာ ၁၉၉၇ ခုနှစ်ကတည်းက ဒီလမ်းကြောင်းမှာ မောင်းနှင်ခဲ့သူဖြစ်တယ်လို့ ရှင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ ယာဉ်မတော်တဆမှုဖြစ်ပွားချိန်က အဲဒီဘတ်စ်ကားပေါ်မှာ လူ ဘယ်နှစ်ယောက် လိုက်ပါလာလဲ၊ ကျောင်းသား ဘယ်လောက်ပါလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ပြီးခဲ့တဲ့အင်္ဂါနေ့ မွန်းလွဲပိုင်းမှာတော့ အဲဒီဘတ်စ်ကားကို ရေလှောင်တမံထဲကနေ ဆယ်ယူခဲ့ကြပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့နှောင်းပိုင်းအထိ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ ကွေ့ကျိုးမီးသတ်ဌာနက အတည်ပြုခဲ့ပါတယ်။ ရေငုပ်သမား ၁၉ ယောက်အပါအဝင် မီးသတ်ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၄၁ ယောက်လောက်က ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top