တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေက အမေရိကန် အနာဂတ် အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ဆို

8-7-2020-yyl-005.jpg

တရုတ်အစိုးရရဲ့ သူလျှိုလုပ်မှု၊ ငွေကြေးနဲ့ အချက်အလက်ခိုးယူဖို့ လှုပ်ရှားမှုတွေဟာ အမေရိကန်နိုင်ငံရဲ့ အနာဂတ်အတွက် အကြီးမားဆုံးရေရှည်ခြိမ်းခြောက်မှုဖြစ်နေတယ်လို့ FBI ဒါရိုက်တာက ပြောပါတယ်။ တရုတ်အစိုးရဟာ ပြည်ပမှာရှိတဲ့ တရုတ်နိုင်ငံသားတွေကို စတင်ပစ်မှတ်ထားလာပြီး တရုတ်နိုင်ငံထံ ပြန်လာဖို့ အကြပ်ကိုင်ခြိမ်းခြောက်နေသလို အမေရိကန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် သုတေသနတွေကို ထိခိုက်အောင်လုပ်နေတယ်လို့ ခရစ္စတိုဖာဝရေးက ပြောပါတယ်။ ” ဒီထက်ပိုကြီးတဲ့ အလျော်အစားမရှိနိုင်ပါဘူး။ တရုတ်နိုင်ငံက ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ကမ္ဘာ့တစ်ခုတည်းသော စူပါပါဝါနိုင်ငံဖြစ်လာအောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေပါတယ်။ FBI က တရုတ်နိုင်ငံရဲ့ တန်ပြန်ထောက်လှမ်းရေးနဲ့ပတ်သက်ပြီး ၁၀ နာရီခြားတစ်ခါလောက် အမှုသစ်ဖွင့်နေရတဲ့ အခြေအနေဖြစ်နေတယ်”လို့ ခရစ္စတိုဖာဝရေးက ဆိုပါတယ်။ တရုတ်အစိုးရကို ခြိမ်းခြောက်နေတယ်လို့ သဘောထားတဲ့ ပြည်ပရောက် တရုတ်နိုင်ငံသားတွေကို ” မြေခွေးအမဲလိုက်မှု”ဆိုတဲ့ စီမံကိန်းနဲ့ တရုတ်နိုင်ငံထံ ပြန်ရောက်လာအောင် လုပ်ဆောင်နေပြီး အဲဒီစီမံကိန်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဦးဆောင်နေတယ်လို့ ခရစ္စတိုဖာဝရေးက ဆိုပါတယ်။

ဝါရှင်တန်မြို့ရဲ့ ဟတ်ဒ်ဆန်အင်စတီကျူ့စ်မှာ တစ်နာရီလောက်ကြာမြင့်တဲ့ မိန့်ခွန်းပြောကြားရာမှာ FBI ဒါရိုက်တာ ခရစ္စတိုဖာဝရေးက တရုတ်နိုင်ငံရဲ့ ကြားဝင်စွက်ဖက်မှု၊ တရုတ်နိုင်ငံရဲ့လက်တံရှည်တဲ့ စီးပွားရေးသူလျှိုလုပ်မှု၊ ဒေတာနဲ့ ငွေကြေး ခိုးယူမှု၊ တရားမဝင် နိုင်ငံရေးလှုပ်ရှားမှု၊ လာဘ်ငွေနဲ့ ခြိမ်းခြောက်မှုကို အသုံးပြုပြီး အမေရိကန်နိုင်ငံရဲ့ မူဝါဒအပေါ် လွှမ်းမိုးနေတာတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top