WHO ကနေ အမေရိကန်နိုင်ငံ နုတ်ထွက်ဖို့ ဒေါ်နယ်ထရမ့် တရားဝင်အကြောင်းကြား

8-7-2020-yyl-007.jpg

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)ကနေ အမေရိကန်နိုင်ငံ နုတ်ထွက်ရေးအတွက် အ‌မေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရားဝင်လှုပ်ရှားနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြုံရချိန်မှာ WHO က တရုတ်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပြီး WHO ကနေ နုတ်ထွက်မယ်လို့ ပြီးခဲ့တဲ့မေလနှောင်းပိုင်းမှာ ထုတ်ပြောခဲ့ပါတယ်။ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေက တားနေပေမဲ့ အမေရိကန်နိုင်ငံကို WHO ကနေ နုတ်ထွက်ပြီး WHO ဆီပေးမယ့် ရန်ပုံငွေတွေကို တခြားနေရာတွေမှာ အသုံးပြုသွားမယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။ ဒေါ်နယ်ထရမ့်က သူ့ရဲ့ဆန္ဒကို ကုလသမဂ္ဂနဲ့ လွှတ်တော်ထံ တရားဝင် အသိပေးလိုက်ပါပြီ။ ဒါပေမဲ့ WHO ကနေ နုတ်ထွက်ရေးလုပ်ငန်းစဉ်ဟာ အနည်းဆုံးတစ်နှစ်လောက် ကြာမြင့်နိုင်ပါတယ်။

အမေရိကန်နိုင်ငံဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၆ ရက်မှာ WHO ကနေ နုတ်ထွက်နိုင်ဖို့ အကြောင်းကြားထားတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်က အတည်ပြုခဲ့ပါတယ်။ WHO ကနေ နုတ်ထွက်လိုက်ရင် အမေရိကန်နိုင်ငံသားတွေရဲ့ ကျန်းမာရေးထိခိုက်စေနိုင်ပြီး အမေရိကကို အထီးကျန်ဖြစ်စေလိမ့်မယ်လို့ အထက်လွှတ်တော် ပြည်ပဆက်ဆံရေးကော်မတီရဲ့ ဒီမိုကရက်တစ်ပါတီဝင် အမတ် မီနန်ဒက်ဇ်က ပြောပါတယ်။ အမေရိကန်နိုင်ငံဟာ WHO အတွက် ရန်ပုံငွေအများဆုံး ထည့်ဝင်ပေးနေတဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ထည့်ဝင်ပေးခဲ့ပါတယ်။ အဲဒီပမာဏဟာ စုစုပေါင်းဘတ်ဂျက်ငွေရဲ့ ၁၅ ရာခိုင်နှုန်း ရှိပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top