အစားပြိုင်ပွဲဝင်ဩစတြေးလျနိုင်ငံသားတစ်ဦးဖြစ်တဲ့ ဂျိမ်းစ် ဝက်ဘ်ဆိုသူက ကြက်တောင်ပံ ရာကျော်ကို စားပြပြီး ကမ္ဘာ့စံချိန်ချိုးပစ်ခဲ့ပါတယ်။ ဂျိမ်းစ်က Chicken Wing Eating Championship ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ သူက အရင်စံချိန်ကိုင်ဆောင်ထားတဲ့ ဂျိုးချက်စနတ်နဲ့တောင် ရင်ဆိုင်ယှဉ်ပြိုင်နိုင်ခဲ့တာပါ။

ဂျိမ်းစ်က အဲဒီပြိုင်ပွဲမှာ ၁၂ မိနစ်အတွင်း ကြက်တောင်ပံ ၂၇၆ ခု စားပြနိုင်ခဲ့ပြီး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဂျိုးချက်စနတ်ကတော့ ဂျိမ်းစ်နဲ့တွေ့မှပဲ ကြက်တောင်ပံ ၂၄၀ ပဲ စားပြနိုင်ခဲ့ပြီး ဒုတိယနေရာရသွားခဲ့ပါတယ်။ ဂျိမ်းစ်က တော်တယ်။ သူ့ကို အံ့အားသင့်စေခဲ့တယ်။ အဲ့လောက်မြန်လိမ့်မယ်ဆိုတာ မသိခဲ့ဘူးလို့ ဂျိုးချက်စနတ်က ပြောပါတယ်။

ဂျိမ်းစ်က အစားပြိုင်ပွဲတွေ ဝင်ယှဉ်လေ့ရှိပြီး ပြီးခဲ့တဲ့နှစ်က Hotdog အစားပြိုင်ပွဲမှာ ၁၀ မိနစ်အတွင်း Hotdog ၄၁ ခု စားနိုင်ခဲ့လို့ တတိယနေရာကို ရခဲ့ပါတယ်။ အခုနှစ် ဇူလိုင်လမှာ ပြုလုပ်တဲ့ ပြိုင်ပွဲမှာ Hotdog ၄၇ ခု စားနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ဂျိုးချက်စနတ်ဟာ Hotdog ၆၂ ခု စားနိုင်ခဲ့လို့ ပထမနေရာရရှိခဲ့ပါတယ်။
Ref: Aussie bloke breaks world record after eating 276 chicken wings in 12 minutes
WL(ရိုးရာလေး)