ဇနီးဖြစ်သူ ဆိုဖီတာနာနဲ့ ကွာရှင်းဖို့ လျှောက်ထားတဲ့ အဆိုတော် ဂျိုး ဂျိုးနက်စ်

6.9.23-yyl-9.jpg

ဘောလိဝုဒ်မင်းသမီး ပရီယန်ကာ ချိုပရာရဲ့ခဲအိုဖြစ်သူ အဆိုတော် ဂျိုး ဂျိုးနက်စ်က ဇနီးဖြစ်သူ Game of Thrones မင်းသမီးဆိုဖီတာနာနဲ့ ကွာရှင်းဖို့ တရားရုံးမှာ စက်တင်ဘာ ၅ ရက်နေ့က ကွာရှင်းခွင့်လျှောက်ထားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဆိုဖီတာနာနဲ့ အိမ်ထောင်သက် ၄ နှစ်အကြာမှာ အခုလို ကွာရှင်းဖို့ ဖြစ်လာခဲ့တာပါ။ သူတို့နှစ်ယောက်ကြားက အိမ်ထောင်ရေးဟာ အဖက်ဆယ်လို့မရတော့အောင် ပျက်ပြားနေတယ်လို့ သိရပါတယ်။

အဆိုတော် ဂျိုး ဂျိုးနက်စ်က ဇနီးဖြစ်သူနဲ့အတူ မိဘတာဝန်ခွဲယူဖို့လည်း တောင်းဆိုထားပြီး သမီးလေး ဝီလာ (၃ နှစ်) နဲ့ ၁၄ လသားအရွယ်သမီးလေးတွေအတွက် “မိဘအုပ်ထိန်းမှုအစီအစဉ်”ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ဂျိုးနဲ့ ဆိုဖီတာနာတို့နှစ်ဦးက သူတို့ရဲ့မတူညီတဲ့သဘောထားအမြင်တွေကြောင့် ပြတ်စဲဖို့ဖြစ်လာခဲ့တာလို့ အတွင်းစကားတွေအရ သိရပါတယ်။ “ဆိုဖီတာနာက ပါတီကြိုက်တယ်၊ ဂျိုးက အိမ်မှာနေရတာကြိုက်တယ်။ သူတို့မှာ မတူညီတဲ့ဘဝနေထိုင်မှုပုံစံတွေရှိတယ်”လို့ အတွင်းလူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်ကတည်းက သူတို့ရဲ့အိမ်ထောင်ရေးက အဆင်မပြေဖြစ်နေခဲ့ပြီး သူတို့စုံတွဲကို လက်ထပ်လက်စွပ်မပါဘဲ မြင်တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့မိုင်ယာမီအိမ်ကြီးကိုလည်း ဝယ်ယူပြီး ၁ နှစ်အကြာမှာ ရောင်းချခဲ့ပါတယ်။ ဂျိုး ဂျိုးနက်စ်နဲ့ ဆိုဖီတာနာတို့က ၂၀၁၉ ခုနှစ် မေလမှာ လက်ထပ်ခဲ့ကြတာပါ။

Ref: Joe Jonas files for divorce from Sophie Turner

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top