နာရေးဆို ၁၀ ယောက်၊ မင်္ဂလာဆောင်ဆို ၅ ယောက်ပဲ အများဆုံးလာဖို့ သြစတြေးလျ ထုတ်ပြန်

australia01.jpg

COVID-19 ကူးစက်ပျံ့နှံ့မှုကို တွန်းလှန်နိုင်ဖို့ သြစတြေးလျနိုင်ငံမှာ ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းသစ်တွေအရ စျာပနအခမ်းအနားဆိုရင် အများဆုံး လူ ၁၀ ယောက်၊ မင်္ဂလာဆောင်အခမ်းအနားဆိုရင် အများဆုံး လူ ၅ ယောက်ပဲ တက်ရောက်ခွင့်ရမှာပါ။ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က အစိုးရအဖွဲ့ အစည်းအဝေးလုပ်ပြီးချိန်မှာ လူစုလူဝေးလုပ်တာတွေကို အနည်းဆုံး လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး စည်းမျဉ်းတော်တော်များများ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပြည်ပခရီးသွားခွင့်အများစုကို ပိတ်ပင်သွားမှာဖြစ်ပြီး အများပြည်သူဆိုင်ရာနေရာ တော်တော်များများကိုလည်း ပိတ်ထားမှာပါ။

သြစတြေးလျနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ ၄၂၇ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ရောဂါကူးစက်ခံရသူ ၂၁၃၆ ယောက်၊ သေဆုံးသူရှစ်ယောက် ရှိနေပါတယ်။ Ruby Princess အပျော်စီးသင်္ဘောပေါ်က ရောဂါကူးစက်ခံရသူ တော်တော်များများကို ဆစ်ဒနီမြို့မှာ ကမ်းဆင်းခွင့်ပေးထားပါတယ်။ သြစတြေးလျနိုင်ငံမှာ အရက်ဆိုင်တွေ၊ ဝတ်ပြုဆုတောင်းရာနေရာတွေကို ပိတ်ထားပေမဲ့ စာသင်ကျောင်းတော်တော်များများကိုတော့ ဖွင့်ထားဆဲပါ။

Nz (ရိုးရာလေး)

 

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top