COVID-19 ကို တွန်းလှန်ရာမှာ ပါဝင်ကူညီဖို့ မက်ဆီနဲ့ ဂွာဒီယိုလာက ယူရိုတစ်သန်းစီ လှူဒါန်း

football01.jpg

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ COVID-19 ကူးစက်ပျံ့နှံ့မှုကို တွန်းလှန်ရာမှာ ပါဝင်ကူညီဖို့အတွက် ဘာစီလိုနာမြို့ ပြည်သူ့ဆေးရုံ (Hospital Clinic)ကို ယူရိုတစ်သန်း လှူဒါန်းလိုက်ပါတယ်။ Hospital Clinic ဆေးရုံဟာ COVID-19 ကူးစက်ခံထားရသူတွေကို ကုသပေးနေသလို ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သုတေသနလုပ်နေပါတယ်။ မက်ဆီက ငွေကြေးလှူဒါန်းပေးခဲ့တယ်ဆိုတာကို Hospital Clinic ဆေးရုံက သူတို့ရဲ့တရားဝင်တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးအသင်းကို နည်းပြနေတဲ့ ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာကလည်း ဆေးဝါးအထောက်အကူပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့၊ ဝယ်ယူနိုင်ဖို့ ရည်ရွယ်ပြီး ဘာစီလိုနာမြို့အခြေစိုက် ပရဟိတအဖွဲ့ကို ယူရို ၁ သန်းလှူဒါန်းခဲ့ပါတယ်။ စပိန်နိုင်ငံမှာ COVID-19 ကူးစက်ပျံ့နှံ့မှု ဆိုးဆိုးရွားရွား ဖြစ်လာပြီးနောက်ပိုင်း မက်ဆီနဲ့ ဂွာဒီယိုလာတို့က ယူရိုတစ်သန်းစီ လှူဒါန်းခဲ့ကြတာပါ။ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ သူ့ရဲ့အေးဂျင့် ဂျော့မန်ဒက်စ်တို့ကလည်း လစ္စဘွန်းနဲ့ ပေါ်တိုမြို့မှာရှိတဲ့ ဆေးရုံတွေရဲ့ အထူးကြပ်မတ်ကုသရေးအဆောင်တွေအတွက် ယူရိုတစ်သန်း လှူဒါန်းပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top