စပိန်နိုင်ငံမှာ COVID-19 ကြောင့် တစ်ရက်အတွင်း လူ ၅၁၄ ယောက် သေဆုံး

spain01.jpg

စပိန်နိုင်ငံမှာ အချိန်တိုအတွင်း COVID-19 ကူးစက်ပျံ့နှံ့မှုနဲ့ အခြေအနေ ဆိုးရွားလာပြီး တစ်ရက်အတွင်း လူ ၅၁၄ ယောက် သေဆုံးခဲ့ပါတယ်။ စပိန်နိုင်ငံဟာ တရုတ်နဲ့ အီတလီနိုင်ငံတွေပြီးရင် COVID-19 ကူးစက်ပျံ့နှံ့မှုကို အဆိုးရွားဆုံး ရင်ဆိုင်နေရပြီး သေဆုံးသူ ၂၆၉၆ ယောက်၊ ရောဂါကူးစက်ခံရသူ ၄၀၀၀၀ နီးပါး ရှိပါတယ်။ COVID-19 ကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်း ၅၄၀၀ လောက် ပါဝင်နေပါတယ်။

စပိန်နိုင်ငံမြို့တော် မက်ဒရစ်မြို့နဲ့ ကာတာလန်ဒေသ၊ ဘတ်စ်ကေးဒေသတွေမှာ ရောဂါကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံး ဖြစ်ပွားနေပြီး တခြားဒေသတွေမှာလည်း ကူးစက်ခံရမှု မြင့်တက်နေပါတယ်။ မက်ဒရစ်မြို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီး သက်ကြီးရွယ်အိုများပြားတဲ့ ကက်စတီလီယာလာမန်ချာဒေသနဲ့ ကက်စတီလာလီယွန်ဒေသတွေမှာ ကူးစက်ပျံ့နှံ့မှုမြင့်တက်နေပါတယ်။ ဆေးရုံကနေ တရားဝင်ဆင်းခွင့်မရဘဲ ထွက်ပြေးသွားသူတွေ အပါအဝင် ကိုယ့်တာဝန်ကိုယ်မယူသူတွေကို ရဲတပ်ဖွဲ့က ဝေဖန်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top