UK ရဲ့ အသက်အငယ်ဆုံးနွေရာသီအိုလံပစ်ပြိုင်ပွဲဝင်ဖြစ်လာမယ့် အသက် ၁၃ နှစ် စကိတ်ဘုတ်ပြားစီးသမားလေး

28-6-2021-yyl-32.jpg

ဗြိတိန်နိုင်ငံရဲ့စကိတ်ဘုတ်ပြားစီးသမားလေးကတော့ အခုနှစ်နွေရာသီတိုကျိုအိုလံပစ်ပြိုင်ပွဲမှာ သူ့နိုင်ငံရဲ့အသက်အငယ်ဆုံးအိုလံပစ်ပြိုင်ပွဲဝင်ဖြစ်လာတော့မှာဖြစ်ပါတယ်။ တိုကျိုမှာကျင်းပမယ့် အိုလံပစ်အားကစားပြိုင်ပွဲမှာ ပါဝင်မယ့် အဲဒီစကိတ်ဘုတ်ပြားစီးသမားလေးက အသက် ၁၃ နှစ်ပဲရှိပါသေးတယ်။

စကိုင်း ဘရောင်း (Sky Brown) ဆိုတဲ့ အဲဒီကလေးမလေးက သြဂုတ်လ ၄ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ကစားရင်တော့ အသက် ၁၃ နှစ်နဲ့ ၁၁ ရက်ဖြစ်မှာဖြစ်ပါတယ်။ စကိတ်ဘုတ်ပြားစီးတာက အိုလံပစ်အစီအစဉ်အတွက်အသစ်ဖြစ်ပါတယ်။

ဘရောင်းဟာ ဆောပိုလိုမြို့က ၂၀၁၉ World Championships ပြိုင်ပွဲမှာ ကြေးတံဆိပ်အနိုင်ရရှိပြီးနောက် အဆင့်မြင့်အားကစားပြိုင်ပွဲတွေမှာလည်း ဆက်လက်ယှဉ်ပြိုင်ခဲ့ကာ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ကမ္ဘာ့ထိပ်ဆုံး ၁၆ နေရာကို ဝင်ရောက်ခဲ့ပြီး ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အလိုအလျောက်ရွေးချယ်ခံခဲ့ရပါတယ်။

ဂရိတ်ဗြိတိန်ကစားသမားစာရင်းမှာ ဘရောင်းပါဝင်လိုက်တာက အသက်အငယ်ဆုံးအိုလံပစ်ကစားသမားအဖြစ်စံချိန်ချိုးလိုက်တယ်လို့ ဆိုလိုတာပါ။ အရင်တုန်းက စံချိန်တင်နိုင်ခဲ့သူက ယခင်စံချိန်တင်နိုင်သူမှာ မာဂရီ ဟင်တန် (Margery Hinton) ဖြစ်ပြီး ၁၉၂၈ အမ်စတာဒမ်အိုလံပစ်မှာ မီတာ ၂၀၀ ရင်ဘတ်နဲ့ ရေကူးပြိုင်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။

ဗြိတိန်ရဲ့လူငယ်စကိတ်စီးအဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဘရောင်းက ၁၄ နှစ်အရွယ် ဘွန်ဘတ်တီ မာတင် (Bombette Martin) နဲ့အတူ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ နှစ်ဦး စလုံးက အိမ်ရှင်နိုင်ငံဂျပန်ရဲ့ အသက် ၁၅ နှစ်အရွယ်ထူးချွန်တဲ့ကစားသမား မီဆူဂူ အိုကာမိုတို (Misugu Okamoto) ကို အနိုင်ရဖို့ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပါတယ်။

အိုကာမိုတိုက ၂၀၁၉ခုနှစ်က Women’s Park Stateboarding World Cup မှာ အနိုင်ရခဲ့ပြီး ဆက်ပြီးတော့ နွေရာသီအားကစားပြိုင်ပွဲတွေမှာ အိုလံပစ်ခြေစစ်ပွဲ ၃ ခု အနိုင်ရခဲ့ပါတယ်။

တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကိုတော့ ဇူလိုင်လ ၂၃ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။

Ref: Ladbible “Skateboarder Will Become Youngest Ever UK Summer Olympian”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top