၆ လပဲ အလုပ်လုပ်ပြီး ၁ နှစ်ကို ဒေါ်လာ ၁၂၀၀၀၀ ရနေတဲ့ ကမ္ဘာ့အဟော့ဆုံးကုန်တင်ယာဉ်မောင်း သမား

25.7.23-yyl-8.jpg

ကမ္ဘာ့အဟော့ဆုံးကုန်တင်ယာဉ်မောင်းသမားအဖြစ် အမည်ပေးထားတဲ့ FIFO ဝန်ထမ်းတစ်ဦးဟာ မကြာသေးခင်က သူ့အလုပ်နဲ့ပတ်သက်ပြီး ထုတ်ပြောလာခဲ့ပါတယ်။ သူကတော့ ပါ့သ်မြို့က အက်ရှဲလီယားဆိုတဲ့ အမျိုးသမီးဖြစ်ပြီး သူက Digital Content Creator တစ်ယောက်အပြင် အချိန်ပိုင်းကုန်တင်ယာဉ်မောင်းတဲ့သူလည်းဖြစ်ပါတယ်။ အဲဒီအလုပ်က ရတဲ့ ဝင်ငွေကတော့ အမိုက်စားပါပဲ။

သူက Pilbara မိုင်းတွင်းမှာ ကုန်တင်ယာဉ်မောင်းသမားအဖြစ် ၁၄ ရက်ဆက်တိုက်အလုပ်လုပ်တယ်။ ပြီးရင် ၁၄ ရက် နားရက်ယူပါတယ်။ သူ့ရဲ့တစ်နေ့တာအလုပ်က မနက် ၄ နာရီမှာစပါတယ်။ ၁၂ နာရီအဆိုင်းနဲ့ အလုပ်လုပ်တာပါ။ ကုန်တင်ယာဉ်မောင်းရင်းနဲ့ ပူပြင်းတဲ့အပူရှိန်ကိုလည်း အံ့တုရပါတယ်။

ဒါပေမဲ့ အလုပ်ကြိုးစားပြီးလုပ်တာကြောင့် ၆ လပဲ အလုပ်လုပ်ပြီး တစ်နှစ်ကို ဒေါ်လာ ၁၂၀၀၀၀ ဝင်ပါတယ်။ သူ အလုပ်မလုပ်တဲ့အခါမှာတောင် သူ့ဘဝကို အကောင်းဆုံးနေထိုင်စေနိုင်ပါတယ်။ လူမှုကွန်ယက်ပေါ်မှာ သူ့ရဲ့တစ်နေ့တာဘဝက ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာကို သက်သေပြထားပါတယ်။ သူ့ရဲ့အင်စတာဂရမ်အကောင့်ကတော့ the_salty_pinup ပါ။

Ref: Australian Woman Dubbed ‘World’s Hottest Truck Driver’ Earns Rs 1 Crore & Only Works For 6 Months A Year

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top