ကမ္ဘာ့စံချိန်တင်ဖို့ ရှိနေတဲ့ ဧရာမဖားပြုတ်ကြီး

20-1-2023-yyl-169.jpg

သြစတြေးလျနိုင်ငံမြောက်ပိုင်း မိုးသစ်တောထဲမှာ တွေ့ရတဲ့ ဖားပြုတ်ကြီးက ကြီးလွန်းလို့ သားရဲတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိတွေတောင် အရုပ်ကြီးလို့ အထင်မှားခဲ့ကြပါသေးတယ်။ သာမန်ဖားပြုတ်တွေထက် ၆ ဆကျော် ပိုကြီးထွားပြီး ခန္ဓာကိုယ်အလေးချိန် ၂.၇ ကီလိုဂရမ်ရှိလို့ ကမ္ဘာ့စံချိန်သစ် တင်နိုင်ဖို့ ရှိနေပါတယ်။ (ယခင်စံချိန်ဟောင်းမှာ ၂.၆၅ ကီလိုဂရမ်ရှိ)

တုတ်ဇီလာလို့ နာမည်ပြောင်ပေးထားတဲ့ ဖားပြုတ်ကြီးဟာ အင်းဆက်ပိုးမွှားတွေ၊ တွားသွားသတ္တဝါတွေနဲ့ နို့တိုက်သတ္တဝါငယ်တချို့ကို ဖမ်းယူစားသောက်ရင်း အကောင်ကြီးထွားလာတာ ဖြစ်မယ်လို့ ယူဆထားပါတယ်။ ဖားပြုတ်တွေဟာ တောထဲမှာ သက်တမ်း ၁၅ နှစ်အထိ ရှင်သန်နိုင်ပြီး ဒီဖားပြုတ်ကြီးရဲ့ သက်တမ်းကိုတော့ ခန့်မှန်းနိုင်ခြင်း မရှိသေးပါဘူး။

ဖားပြုတ်ကြီးကို ခန္ဓာကိုယ်အလေးချိန် ချိန်တွယ်ပြီးနောက်မှာတော့ သြစတြေးလျနိုင်ငံရဲ့ သီးနှံပင်ဖျက်ပိုးကောင်များအပေါ် ချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆေးထိုးပြီး ဇီဝိန်ချုပ်စေခဲ့တာပါ။ ဖားပြုတ်ကြီးရဲ့ ရုပ်ကြွင်းကိုတော့ ကွင်းစ်လန်းပြတိုက်ထံ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

၁၉၃၅ ခုနှစ်ကျမှ သြစတြေးလျနိုင်ငံမှာ ဖားပြုတ်တွေ စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး သီးနှံပင်တွေကို အဖျက်ဆီးဆုံးပိုးမွှားတစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။ လက်ရှိအချိန်မှာတော့ သြစတြေးလျနိုင်ငံမှာ ဖားပြုတ် ၂ ဘီလျံအထိ ရှိနေပါတယ်။

Ref: Australia’s ‘Toadzilla’: Record-breaking cane toad found in Queensland

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top