ကမ္ဘာစစ်တွေရော ကပ်ရောဂါတွေကပါ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဂင်းနက်စ်စံချိန်တင်ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်

20-1-2023-yyl-168.jpg

အမေရိကန်နွယ်ဖွားစပိန်နိုင်ငံသားအဘွားတစ်ဦးကို ကမ္ဘာ့အသက်ကြီးဆုံးသက်ရှိပုဂ္ဂိုလ်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ကြေညာထားပါတယ်။ အသက် ၁၁၅ နှစ်အရွယ် မာရီယာ ဘရန်ရာစ် မိုရီရာရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံမေးမြန်းစိစစ်အတည်ပြုတဲ့လုပ်ငန်းစဉ်ပြီးတဲ့နောက်မှာ ဒီကြေညာချက်ကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ထုတ်ပြန်ခဲ့တာပါ။

အဘွားမာရီယာဟာ အသက် ၁၁၈ နှစ်အရွယ် ပြင်သစ်သီလရှင်လူဆေးရန်ဒန် သေဆုံးပြီးနောက်မှာ ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ မာရီယာက စပိန်နိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ အိုလော့တ်မြို့မှာ အနှစ် (၂၀) နေထိုင်ခဲ့တာပါ။ ကမ္ဘာစစ် (၂) ခု၊ ၁၉၁၈ တုပ်ကွေး၊ ၁၉၃၆ စပိန်ပြည်တွင်းစစ်နဲ့ ကိုဗစ်ကပ်ရောဂါတွေကနေ အသက်ရှင်လွတ်မြောက်ခဲ့သူပါ။

ပိုထူးခြားတာက အဘွားမာရီယာဟာ ဘယ်တုန်းကမှ ဆေးရုံမတတ်ခဲ့ဖူးဘူး။ အရိုးအက်တာကျိုးတာမရှိခဲ့ဖူးဘူး။ ဘယ်လိုနာကျင်မှုမျိုးမှလည်း မခံစားခဲ့ရဖူးပါဘူး။ သူဟာ ကျန်းမာတဲ့ဘဝနဲ့ ဆက်လက်နေထိုင်နေပါတယ်။

အဘွားမာရီယာကို သူ့ရဲ့မိသားစု မက္ကဆီကိုကနေ အမေရိကန်ကို ပြောင်းရွှေ့ပြီး မကြာခင် ၁၉၀၇ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ဆန်ဖရန်စစ္စကိုမှာ မွေးဖွားခဲ့တာပါ။ ၁၉၃၁ ခုနှစ်မှာ ဆရာဝန်နဲ့အိမ်ထောင်ကျခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက အသက် ၇၂ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အဘွားမာရီယာမှာ ကလေး (၃) ယောက်၊ မြေး (၁၁) ယောက်နဲ့ မြစ် (၁၁) ယောက် ရှိပါတယ်။

Ref: Meet The World’s Oldest Person – A 115-Year-Old Spanish Woman Who Has Never Been Hospitalised

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top