ရေခဲတွေဖြည့်ထားတဲ့ပုံးထဲမှာ အချိန် (၂) နာရီခွဲကျော်ကြာအောင် နေပြနိုင်ခဲ့သူ

7-9-2020-yyl-004.jpg

အရမ်းအေးတဲ့နေရာမှာ အချိန်အကြာကြီးနေရမယ်ဆိုရင် စာဖတ်ပရိသတ်တွေ နေနိုင်ပါ့မလား။ နည်းနည်းလေး ချမ်းစိမ့်စိမ့်ဖြစ်လာရင်တောင် အနွေးထည်ကို ကောက်ဝတ်တတ်ကြတာမလား။ သြစတြေးလျနိုင်ငံသားတစ်ယောက်ကတော့ ရေခဲတုံးတွေအပြည့်ဖြည့်ထားတဲ့ပုံးထဲမှာ အချိန် (၂) နာရီခွဲလောက် နေပြနိုင်ခဲ့တာပါ။ ဂျိုဆက်ဖ် ကိုးဘာလ်ဆိုတဲ့ အမျိုးသားတစ်ဦးဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ရေခဲတုံးတွေနဲ့ အချိန်အကြာကြီးထိတွေ့နိုင်ဆုံးစံချိန်ကို ချိုးပစ်နိုင်ခဲ့ပါတယ်။

ဂျိုဆက်ဖ်က သူ့ပုခုံးထိ ရေခဲတုံးတွေနဲ့ ဖြည့်ထားတဲ့ ဖန်ပုံးအတွင်းမှာ (၂) နာရီ ၃၀ မိနစ် ၅၇ စက္ကန့် ကြာအောင် နေနိုင်ခဲ့ပါတယ်။ ဂျိုဆက်ဖ်က ဘာမှ မဝတ်ဆင်ဘဲ ပုံးထဲကို ဝင်ပြီးမှာ ရေခဲတုံး ၂၀၀ ကီလိုဂရမ် (ပေါင် ၄၀၀) လောက် ဖြည့်ခဲ့ရတာပါ။ အေးခဲနေတဲ့အပူချိန်ကြောင့်ဖြစ်တဲ့နာကျင်မှုဒဏ်ကို တွန်းလှန်ဖို့အတွက် အပြုသဘောဆောင်တဲ့ ခံစားမှုထားနိုင်ဖို့ ကြိုးစားနေခဲ့ရတယ်လို့ ဂျိုဆက်ဖ်က ပြောပါတယ်။ “ကျွန်တော် အအေးဒဏ်ကြောင့် နာကျင်မှုကို အပြုသဘောဆောင်တဲ့စိတ်ခံစားမှုကို မြင်ယောင်ပြီး အာရုံစိုက်ခြင်းဖြင့် တွန်းလှန်နေခဲ့တာပါ။ ဒါမှ နာကျင်မှုတွေကို လျော့ပါးသွားနိုင်တာပါ။ ဒီနည်းနဲ့ ကျော်လွှားခဲ့နိုင်ခဲ့တယ်”လို့ ဂျိုဆက်ဖ်က ဆိုပါတယ်။

ဂျိုဆက်ဖ်က (၂) နာရီခွဲ ကျော်ကျော်လောက်က ရေခဲအပြည့်ဖြည့်ထားတဲ့ ပုံးထဲမှာ နေပြီး ထွက်လာတဲ့အခါမှာ သူ့ရဲ့ကျောကို နေရောင်ကျလာတော့ အရမ်းနေလို့ကောင်းတယ်လို့ ဆိုပါတယ်။ “ကျွန်တော် ခြေထောက်ကို ခြေအိတ်စွတ်ရမယ်။ အရင်ဆုံး နွေးထွေးသွားအောင် လုပ်ရမယ့်အရာက ခြေထောက်တွေပါပဲ”လို့ ဂျိုဆက်ဖ်က ပြောပါတယ်။ ဂျိုဆက်က နောက်နှစ်ကျရင် လော့အိန်ဂျလိစ်မှာ နောက်တစ်ကြိမ်စံချိန်ချိုးဖို့ အစီအစဉ်ရှိနေပါတယ်။ အခုဆိုရင် ခန္ဓာကိုယ်နဲ့ ရေခဲကို အချိန်အကြာဆုံး ထိတွေ့နိုင်သူအဖြစ် စံချိန်ချိုးထားတယ်လို့ သူ့ရဲ့အဖွဲ့ရဲ့ပြောစကားအရ သိရပါတယ်။

Ref: ABCNews “Austrian man spends 2.5 hours in box filled with ice cubes”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top