ဟုဂျက်မန်း ဆောင်းခဲ့တဲ့ ဦးထုပ်ကို ဒေါ်လာ ၁၀၀၀၀၀ နဲ့ လေလံဆွဲခဲ့တဲ့ နီကိုးလ် ကစ်မန်း

29-11-2022-yyl01.jpg

မင်းသမီး နီကိုးလ် ကစ်မန်းဟာ Wolverine ဇာတ်ကောင်နဲ့ လူသိများတဲ့ မင်းသား ဟု​ဂျက်မန်း တစ်ခါ ဆောင်းခဲ့တဲ့ ဦးထုပ်ကို ဒေါ်လာ ၁၀၀၀၀၀ နဲ့ လေလံဆွဲပြီးတော့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ စနေနေ့က နီကိုးလ်ဟာ ဟုဂျက်မန်း ပါဝင်ခဲ့တဲ့ The Music Man ဂီတပြဇာတ်ပွဲပြီးတဲ့နောက် Broadway Cares/Equity Fights AIDS ပရဟိတလေလံပွဲကို တက်ရောက်ခဲ့တာပါ။

အော်ဟစ်သံတွေနဲ့အတူ လေလံပွဲပွဲကြည့်ပရိသတ်တွေက ဂီတပြဇာတ်မှာ ဟုဂျက်မန်း ဆောင်းခဲ့တဲ့၊ သူ့ရဲ့လက်မှတ်လည်းပါတဲ့ဦးထုပ်ကို တစ်စုံတစ်ယောက်က ဒေါ်လာ ၁၀၀၀၀၀ နဲ့လေလံဆွဲတာကို ကြားရတယ်။ ဘယ်သူ လေလံဆွဲလိုက်တာလည်း ရှာကြည့်လိုက်မှ နီကိုးလ် ကစ်မန်းဖြစ်နေခဲ့တာပါ။

အနက်ရောင်ဝတ်စုံကို စမတ်ကျကျဝတ်ဆင်ထားတဲ့ နီကိုးလ်က ဟုဂျက်မန်းဆီ လာခဲ့ပြီး ပွေ့ဖက်ကာ ဦးထုပ်ကို လက်ခံခဲ့ပါတယ်။ “ကျွန်မ မင်းကို ချစ်တယ်။ Broadway ကို ချစ်တယ်။ Broadway Cares မှာ သူတို့လုပ်ခဲ့တဲ့အရာကို သဘောကျတယ်” လို့လည်း ပြောခဲ့ပါတယ်။

နီကိုးလ်ကစ်မန်းက လူတွေကြားထဲမှာ လေလံဆွဲခဲ့တဲ့ ဦးထုပ်ကို လေပေါ်ဝှေ့ယမ်းနေ

လေလံပွဲပြီးတဲ့နောက်မှာ ဟုဂျက်မန်းက “ကျွန်တော် နစ်ကို သိလာတာ နှစ် ၃၀ နီးပါးရှိပါပြီ။ သူနဲ့အလုပ်တွဲလုပ်ခဲ့ဖူးတယ်။ ဒါက အံအားသင့်စရာမဟုတ်ဘူးလို့ ကျွန်တော်ပြောလို့ရတယ်။ သူဟာ ကျွန်တော်သိတဲ့ စေတနာအရှိဆုံးသူတွေထဲက တစ်ဦးပါပဲ။ နီကိုးလ် ကစ်မန်းဆီက လာတဲ့ ရက်ရောမှုနဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်ကို ဆွံ့အသွားစေခဲ့တယ်။ မင်းရဲ့သူငယ်ချင်းခင်မင်မှုနဲ့အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

နီကိုးလ်ကလည်း ပွဲကနေအိမ်ပြန်ရောက်ပြီးတဲ့နောက် လေလံဆွဲခဲ့တဲ့ ဦးထုပ်ကို အင်စတာဂရမ်မှာ တင်ခဲ့ပြီး ဟုဂျက်မန်းကို ကျေးဇူးတင်တဲ့စာချန်ခဲ့ပါတယ်။ “ချစ်ရပါသော ဟု…နှစ် ၃၀ ကြာသိလာခဲ့တဲ့ ငါ့သူငယ်ချင်းအတွက်…မင်းလည်း အတူတူပါပဲ၊ ရက်ရောပြီး ထူးခြားကောင်းမွန်တဲ့ အမျိုးသားပါပဲ။ Broadway Cares/Equality Fights AIDS အတွက် လှူဒါန်းနိုင်လို့ ဂုဏ်ယူမိတယ် “လို့ ရေးသားခဲ့ပါတယ်။ Instagram story မှာလည်း “လေလံပွဲမှာ ကျွန်မတို့ ဝယ်ယူခဲ့တဲ့ ဦးထုပ်”လို့ ရေးပြီး ပုံတင်ခဲ့ပါတယ်။

အင်စတာဂရမ် Story မှာ နီကိုးလ်ကစ်မန်း တင်ခဲ့တဲ့ပုံ

ဟုဂျက်မန်းနဲ့ နီကိုးလ် ကစ်မန်းတို့ဟာ ၂၀၀၈ ခုနှစ်က Australia မှာ အတူသရုပ်ဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်ရဲ့ Happy Feet မှာလည်း အသံသရုပ်ဆောင်တွေအဖြစ် ပါဝင်ခဲ့ပါတယ်။

Ref: TheMirror “Nicole Kidman splashes out £82,000 on a hat once worn by Hugh Jackman”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top